4 Aug 2026, 14:01 UTC40 views8 reactionsread 13 August 2026 Photo
ဈေးကြီးပေးဝယ်ရတဲ့အရာတိုင်းကပဲ ကောင်းတာမဟုတ်ပါဘူး..။
ဈေးနည်းနည်းနဲ့ဝယ်လို့ရပြီး quality ကောင်းတဲ့အရာတွေလည်းရှိပါတယ်။
ပိုက်ဆံများများသုံးမှ ကျောင်းကောင်းတက်ရတာမဟုတ်ပါဘူး။
Education is free ပါ.. ရှာတတ်ရင် ပိုက်ဆံတပြားမှမကုန်ဘဲ ပညာဆိုတာရပါတယ်။
တစ်ခါတလေ တို့တွေက အဝေးကြီးတွေစဉ်းစားနေတတ်ကြတယ်နော်။
ပိုက်ဆံများများသုံးလိုက်မှ၊ ဟိုဟာလုပ်မှ ဒီဟာလုပ်မှ အကောင်းစားရတယ်ထင်နေကြတာ။
တချို့ကောင်းပါပေ့ဆိုတဲ့အရာတွေကအဝေးကြီးမှာ…
❤7🍓1
30 Jul 2026, 14:19 UTC63 views8 reactionsread 13 August 2026 Photo
“လိုချင်တာကိုမသိတဲ့သူကို လောကကြီးက ပေးချင်တာတွေပေးလိမ့်မယ်။”
“ကိုယ်ချစ်တဲ့အလုပ်ကို မလုပ်နိုင်သေးခင်မှာ
ကိုယ်လုပ်တဲ့အလုပ်ကိုချစ်ပါ။
ပြီးရင် ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်နိုင်ဖို့ပြောင်းပါ။”
“အမြဲတမ်းမှာ လုပ်စရာရှိတာလုပ်နေပါ။
ဖြစ်ချင်တာတွေမဖြစ်လာသေးလို့ စိတ်မပျက်လိုက်နဲ့။
လုပ်စရာရှိတာကို လုပ်နေတဲ့သူအတွက် ရစရာရှိတဲ့အရာက ရလာမှာပဲ။
လုပ်စရာရှိတာကိုသာ ဆက်လုပ်သွားပါ။”
“သင်ယူလေ့လာမှုကို ဘယ်တော့မှ မရပ်နဲ့”
နေ့တိုင်းထမင်းစာ…
❤7🍓1
16 Jul 2026, 12:26 UTC108 views13 reactionsread 13 August 2026 သရဏဂုံကို မနက်သက်စေ့၊ ညသက်စေ့ နေ့ညမပြတ်ရွတ်လာခဲ့တာ ၂လပိုင်းကတည်းက။ နောက်ပိုင်းကျတော့ ၂၄ပစ္စည်းအကျဉ်းလေးပါ ထည့်ပြီးရွတ်ဖြစ်လာတယ်။
ဘုရားစာပဲရွတ်ရွတ်၊ ပဌာန်းပဲရွတ်ရွတ် ရွတ်တဲ့သူက ပါးစပ်စည်းစောင့်ရမယ်လို့ အတော်များများပြောကြတာတွေ့ရတယ်။
တကယ်လည်း ဟုတ်တယ်။
မကောင်းတာတွေပြောမိရင် အဲ့တာတွေ ဖြစ်တတ်သလို၊ ကောင်းတာတွေပြောရင်လည်း ကောင်းတာလေးတွေဘဝထဲရောက်လာတာ သတိထားမိတယ်.. မသိမသာရော၊ သိသိသာသာရော။
"လုပ်လည်း ဖြစ်မှာမဟုတ်ပါဘူး…
❤11🍓2
27 Jun 2026, 13:23 UTC132 views8 reactionsread 13 August 2026 Photo
ဟိုစပ်စပ်ဒီစပ်စပ်လေ့လာပြီး မတောက်တခေါက်လုပ်တတ်တာလေးကို cool ဖြစ်တယ်လို့ထင်ခဲ့မိတာ အမှားကြီးမှားတာပဲ။
တကယ်တမ်းက
တစ်နေရာတည်းမှ ဆရာကျတဲ့ကျွမ်းကျင်မှုရှိတာကမှ ပိုပြီးအလုပ်ဖြစ်တယ်ဆိုတာ အခုနောက်ပိုင်းမှ တဖြည်းဖြည်းလက်ခံလာနိုင်တယ်။
အာရုံဆိုတာ တစ်နေရာတည်းမှာစူးစူးစိုက်စိုက်ထားသင့်တဲ့အရာ။ စူးစိုက်မှုရှိမှ ပစ်မှတ်ကိုသိပြီး ထိထိမိမိပစ်နိုင်မှာမဟုတ်လား။
အာရုံတွေပြန့်ကျဲနေတာက ပစ်မှတ်ပျောက်နေတာနဲ့တူတူပဲ.. ဘယ်ကိုပစ်လို့ပ…
❤5👍3
23 Jun 2026, 12:40 UTC136 views9 reactionsread 13 August 2026 Photo
အင်္ကျီကို ဖြစ်သလိုဝတ်၊ စက်မချုပ်တတ်ခင်အထိ စပန့်ဆိုတာဘာမှန်းတောင်မသိတဲ့သူက အခုဆို အင်္ကျီလေးတွေချုပ်တတ်နေပြီတဲ့ 🤭🩷
စစချင်းခြေလှမ်းတွေက သိပ်ကိုခက်ခဲခဲ့တာပဲ။ တစ်ရက်၊ နှစ်ရက်စသင်တုန်းက ခဏခဏလည်ထွက်နေခဲ့တာတွေက.. အခုပြန်ကြည့်တော့ ဘာမှမဟုတ်တော့ဘူး။
အခုလည်နေတုန်းအရာတွေကလည်း နောင်တစ်ချိန်ကျရင် စာမဖွဲ့လောက်တော့မယ့် အရာတွေဖြစ်လာမယ်ဆိုတာ ယုံကြည်နေပါတယ်။
မသိတာတွေ သိလာတဲ့အခါကျရင် ပိုလွယ်ကူလာကြတာပဲမလား..။ အဓိကက မသိလို့ဆိုပြီး ရပ…
❤7❤🔥2
19 Jun 2026, 04:47 UTC123 views14 reactionsread 13 August 2026 Photo
19, June, 2026 🌹
တစ်စုံတစ်ယောက်သောသူလေး မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပါစေ..။
ကိုယ်ကျိုးကိုမကြည့်ဘဲ ဘဝနဲ့ရင်းပြီး ဒီမြေ၊ ဒီနိုင်ငံအတွက် ပေးဆပ်ခဲ့ရတာ.. လွတ်လပ်ပြီး အေးချမ်းပျော်ရွှင်စွာနေရဖို့က သူမနဲ့ထိုက်တန်ပါတယ်။
အမြန်ဆုံး လွတ်မြောက်ခွင့်ရပါစေ။
မေတ္တာဓာတ်ကြီးမားသောအမေ...
ကျန်းကျန်းမာမာရှိပါစေလို့ တောင်းဆုခြွေရင်း...🌹❤️
- Anna_Nyein -
❤🔥7❤3🍓3🐳1
17 Jun 2026, 04:28 UTC93 views7 reactionsread 13 August 2026 Photo
အသက်တစ်နှစ်ကြီးလေပြီ...
HBD to Me 🍰🎊
@Anna_Ny3in 🍀
🎉4❤2💘1
16 Jun 2026, 11:42 UTC97 views12 reactionsread 13 August 2026 Photo
- ငါဟာ ငါ့ကိုယ်ငါပဲအာရုံစိုက်တယ်။
- မနေ့ကငါထက် ဒီနေ့ငါ ပိုတော်လာအောင်လုပ်ဖို့ပဲ ဆန္ဒရှိတယ်။
အမြဲတမ်းမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေနဲ့ နှိုင်းယှဉ်နေမိတတ်တဲ့ ကျွန်မကိုယ်ကျွန်မပြောလေ့ရှိတဲ့ reminder message လေးနှစ်ကြောင်း...။
ဒီနေ့ခေတ်လို Social Media ခေတ်ကြီးထဲမှာ ကိုယ့်ထက်သာတဲ့သူကိုတွေ့ရင် သူသူကိုယ်ကိုယ်နှိုင်းယှဉ်မိကြမှာပါ။
နှိုင်းယှဉ်မိတဲ့အခါလည်း စိတ်မပူပါနဲ့..
အပေါ်ကစာကြောင်းလေးနှစ်ကြောင်းကိုရွတ်ပြီ…
❤6🍓3💘2☃1
14 Jun 2026, 06:41 UTC90 views8 reactionsread 13 August 2026 Photo
ဝါသနာဆိုတာ ကိုယ်ရွေးချယ်လိုက်တဲ့ career မှာ professional တစ်ယောက်ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်မဟုတ်ဘူးဆိုတာ မီးမောင်းထိုးပြခဲ့တဲ့စာအုပ် (၂)အုပ်
နယ်ပယ်တစ်ခုမှာ ပညာရှင်အဆင့်ထိရောက်ဖို့ဆိုတာ ဝါသနာတစ်ခုတည်းနဲ့မလုံလောက်၊ ဇွဲ လုံ့လနဲ့ ဝီရိယရှိဖို့လည်းလိုတယ်ဆိုတာကို.. ဒီစာအုပ်လေး (၂)အုပ်က message ပေးထားပါတယ်။
──────────
The 5 AM Club
- မနက် ၅နာရီထပြီး တစ်နေ့ကို သင့်အတွက်အချိန် ၁နာရီပေးခြင်းက ဘဝကိုဘယ်လိုပြောင်းလဲသွ…
❤3❤🔥3☃2
11 Jun 2026, 12:22 UTC85 views11 reactionsread 13 August 2026 Photo
အဖြူရောင်ပွင့်ဖတ်လေးတွေက ရိုးရှင်းပြီး အပြစ်ကင်းစင်သလောက်..
ရနံ့မှာတော့ ဘယ်ပန်းမှမယှဉ်နိုင်လောက်အောင် မွှေးလှတယ်..။
ရနံ့မွှေးရုံတင်ဘယ်ကမလဲကွယ်..
ပွင့်ပြီဆိုရင်လည်း ခူးလို့မနိုင်သူလေး။
ဇီဇဝါချစ်သူ ~ 💐💕
@Anna_Ny3in 🍀
❤8☃2🍓1
11 Jun 2026, 09:31 UTC92 views8 reactionsread 13 August 2026 Photo
မဟုတ်တာတွေ လုပ်မနေတဲ့အချိန်တိုင်းမှာ
စိတ်သန့်သန့်နဲ့နေနိုင်တယ်။
လုပ်သင့်တာတွေ လုပ်နေတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်လေးစားနိုင်တယ်။
ဘယ်သူသိသိမသိသိပါ.. ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သိနေဖို့ပဲ အရေးကြီးတယ်။
လူအများရဲ့ရှေ့မှာပဲဖြစ်ပါစေ၊ လူအများရဲ့ နောက်ကွယ်ရာမှာပဲဖြစ်ပါစေ ကိုယ့်ကိုခံစားချက်မကောင်းစေမယ့်အရာတွေ မလုပ်တဲ့သူဟာ စိတ်သန့်သန့်၊ လိပ်ပြာသန့်သန့်နဲ့နေနိုင်တယ်။
သူများကိုလိမ်လို့ရပေမဲ့ ကိုယ့်ကိုယ…
❤6☃2
10 Jun 2026, 11:28 UTC79 views11 reactionsread 13 August 2026 Photo
အကြောင်းတစ်ခုခုကြောင့် negative feeling တွေ ဝင်လာတဲ့အခါ...
- အိမ်သန့်ရှင်းရေးထလုပ်တာ
- သီချင်းမြူးမြူးလေးတွေနားထောင်တာ
- ဖုန်းကိုဝေးဝေးမှာထားပြီး ခဏတဖြုတ်အနားယူတာ
- စာအုပ်ဖတ်တာ
- podcast တွေနားထောင်တာ
စတဲ့ ကိုယ်နဲ့အဆင်ပြေမယ့်နည်းလေးတွေရွေးပြီး စိတ်ကိုအာရုံပြောင်းလို့ရပါတယ်။
ကျွန်မကတော့ စိတ်တွေရှုပ်ထွေးလာတဲ့အခါ ဘုရားကျောင်းဆောင်နဲ့ အိမ်မှာရှုပ်ပွနေတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်လေ့ရှိပါတယ်။ သန့်ရှင်းရေးလုပ်ပြီ…
❤10☃1
Showing the 12 most recent of 15 posts we hold for @Anna_Ny3in. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.