13 Aug 2026, 09:23 UTC14 viewsread 13 August 2026 တောက်ခေါက်သံတွေ
တစ်လှေကြီးတင်လာတယ်ဗျ
ဝယ်ကြအုန်းမလားဗျ
ဒုက္ခအသံတွေကားတစ်စီး
အပြည့်ပါတယ်ဗျ ဝယ်ကြအုန်းမလားဗျ,
နာကျင်ခြင်းတွေလက်ပစ်ဗုံးတစ်လုံးလို
ပေါက်ကွဲထွက်ဖို့
စကားလုံးတစ်ချို့က
စာမျက်နှာထက်ကနေ
ဇောက်ထိုးကြီးခုန်ပေါက်တတ်လာတာ
ကျုပ်အတွက်တော့သိပ်မဆန်းဘူးဗျ..
မျိုသိပ်ထားမျှသီးခံခြင်းတွေက
မျက်ရည်ဖြစ်လာတဲ့အခါ
ကျုပ်နှလုံးသားက
ဓားတစ်လက်ထက်မြသွားတာ
သဘာဝကျရဲ့လားဗျ..
နောက်ကျောကိုအကြိမ်ကြမ…
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
12 Aug 2026, 15:48 UTC19 views1 reactionsread 13 August 2026 ၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။
-အံ့လွန်းပျို
🍓1
Signed A
11 Aug 2026, 00:56 UTC34 views2 reactionsread 13 August 2026 မေခ
နမ်မည်လှလှလေးက
သဘာဝရဲ့
အလှတရားကိုဖော်ကြူး
ကျွန်တော့်ကိုတောင်
ရူးစေတယ်..
မေခ
ဧရာဝတီမြစ်ဖျားပိုင်းက
အမည်နမ်မသဘာဝကျလိုက်တာ..
မေခ
ပုံပြင်လှလှတွေနဲ့
မိုးလင်းလို့နိုးထ
ညနက်နက်မှာ
သူ့ပါးမိုးနှစ်ဖက်ပေါ်ကို
အနမ်းမိုးလေးတွေ
ရွှချခြင်မိတာ..
မေခ
သူမရဲ့ခြေတောင်ရင်းမှာ
လွမ်းပါတယ်ဆိုသောစကား
အဖန်တစ်ရာမက
ပြောခွင့်ရခြင်မိတာ
မေခလေးသိပါရဲ့လား..
ရင်ဘတ်ရှိုက်သံ( အင်းလေး)
🍓2
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
10 Aug 2026, 16:12 UTC34 views1 reactionsread 13 August 2026 သူပြန်ချစ်ခြင်း
မချစ်ခြင်းဆိုတာဟာ
ကျွန်တော့် စားနေတဲ့
ထမင်းကြမ်းပေါ်မှာ
မူတည်ပါတယ်။
-အံ့လွန်းပျို
🍓1
Signed A
9 Aug 2026, 07:54 UTC53 views1 reactionsread 13 August 2026 ညီမလေးသို့ 5
ညီမလေးရေ
အကိုယ့်မေတ္တာနဲ့
သစ္စာတွေတာမှန်ကန်ခဲ့ရင်
ဘဝအဆက်ဆက်မှာ
အတူဆုံရပါစေဆိုသော
ဆုတစ်ခုတာတောင်းမိပါသည်...
ညီမလေးရေ
ညီမလေးမကြိုက်တဲ့
ဘီယာနဲ့အရက်ကို
ညီမလေးအလိုကျ
အကိုပစ်ချခဲ့ပါပြီ...
ညီမလေးရေ
လက်ကျန်သံယောဇဥ်တွေတာ
အဖိုးတန်ခဲ့မယ်ဆိုအရင်လို
ညီမလေးရဲ့အနားမှာ
အရိပ်လေးလိုဘဲဖြစ်ပါရစေ..
ညီမလေးရေ
အကိုလွမ်းတဲ့အခါတိုင်းမှာ
သတိရတဲ့အခါတိုင်းမှာ
ညီမလေးရဲ့ပုံရိပ်အချို့ကို
အမြဲလို
…
❤1
Signed ရငင်ဘတ်ရှိုက်သံ( အင်းလေး) အင်းလေး
9 Aug 2026, 00:43 UTC47 views2 reactionsread 13 August 2026 အလွမ်းဇတ်
ပြီးဆုံးသွားတဲ့
ဇတ်လမ်းခတ်ပဲ့ပဲ့ကို
ကျွန်တော်ဆက်မကတော့ပါဘူး
တောက်ရူးတစ်ယောက်ရဲ့
ငိုညည်းသံဟာ သူမအတွက်တော့
ရယ်မောစရာတွေဖြစ်စေခဲ့ပြီ..
တော်ပါပြီဒီပြဇတ်မှာ
နာကျင်ရတဲ့အသဲကိုလည်း
ကျွန်တော်အရက်နဲ့ဆေးခဲ့ပြီးပြီ
တစ်ခန်းရပ်သွားပါပြီ
နောင်ဘဝမှတာသူမှရဲ့ရင်ခွင်မှာ
နေခွင့်ရတော့မယ်ဆိုတာကို
ကျွန်တော့်ရင်ဘတ်က
နားလည်သွားပြီထင်ပါတယ်
ရပ်ပစ်ပါပြီ နီးဆပ်ဖို့မရှိတော့တဲ့
ဒီပြဇတ်ကို...
-ရင်ဘတ်ရှိုက်သံ…
❤2
Signed ရငင်ဘတ်ရှိုက်သံ( အင်းလေး) အင်းလေး
8 Aug 2026, 15:47 UTC41 views1 reactionsread 13 August 2026 စိတ်ပျက်အောင် မလုပ်ပါနဲ့။
မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။
သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။
လက်လွှတ်ခဲ့သူတစ်ယောက်က
ဥပေက္ခာတရားအကြောင်းကို
ရှင်းပြပါလိမ့်မယ်။
-အံ့လွန်းပျို
🍓1
Signed A
8 Aug 2026, 08:55 UTC45 views1 reactionsread 13 August 2026 ဝေဒနာအလွမ်း
48နာရီလောက်
အိပ်မောကျနေတဲ့
အိပ်မက်ကလေးတွေက
ကျွန်တော့်ကိုညည
ခြောက်လန့်နေတယ်
မေ့နိုင်ပြီထင်ပြီး
ဘာစကားမှမဟဖြစ်တော့တဲ့
နေ့စွဲတွေမှာတော့
ကျွန်မျက်ဝန်းအိမ်မှာ
မျက်ရည်စတွေအဖြစ်နဲ့
အရောင်ပြောင်းသွားခဲ့တာ
တာစီးလို့မရနိုင်ခဲ့ဘူး
အရူးတစ်ယောက်လို
အချစ်ကို ကိုယ်းကွယ်ခဲ့မိသူရဲ့
ရင်တွင်းအိမ်မှာတော့
သူမပေးခဲ့တဲ့ဝေဒနာတွေက
သေရာပါစေခဲ့ပြီထင်တယ်...
ရင်ဘတ်ရှိုက်သံ ( အင်းလေး)
အရက်ဆိုင်က ကဗျာ
🍓1
Signed ရငင်ဘတ်ရှိုက်သံ( အင်းလေး) အင်းလေး
7 Aug 2026, 01:55 UTC54 views2 reactionsread 13 August 2026 အချစ်ဟာ ချိုသလား
ခါးသလား ကျွန်တော်မသိပါ။
မေတ္တာဟာ အေးသလား
ပူသလား ကျွန်တော်မသိပါ။
ကျွန်တော်သာပေးပြီး ပြန်မရခဲ့တဲ့
အရာတွေအကြောင်း ကျွန်တော်မသိပါ။
-အံ့လွန်းပျို
🍓2
Signed A
6 Aug 2026, 14:38 UTC60 viewsread 13 August 2026 လင့်တွေမချပါနဲ့ရှင် ကျေးဇူးပြုပြီး
Signed ✤𝔜𝔞𝔲𝔫𝔤𝔑𝔦℘⁖♡
6 Aug 2026, 10:51 UTC65 views1 reactionsread 13 August 2026 ညီမလေးသို့ 3
ဘောင်မဝင်လို့
ဘောင်အပြင်ဖက်ကနေ
မင်းလေးကိုငေးကြည့်ခဲ့ရုံပါ
အနေနီးသူကိုလက်စွဲ
အနေဝေးသူကိုကျေပေး
ကိုယ်တို့တွေဒီလိုနဲ့
ဝေးခဲ့ကြပါပြီ ညီမလေး...
ရင်ဘတ်ရှိုက်သံ( အင်းလေး)
မျက်ရည်နဲ့ရေးတဲ့ကဗျာ
8:48am 6•8•2026
🍓1
Signed ရငင်ဘတ်ရှိုက်သံ( အင်းလေး) အင်းလေး
6 Aug 2026, 00:57 UTC60 views1 reactionsread 13 August 2026 ကယ်သူမဲ့
မျက်ရည်တွေနဲ့
လာပါကူပါကယ်ပါ
အော်နေသံတွေဟာ
ရင်ဘတ်ထဲထိကြားတယ်
ရင်ဘတ်ထဲထိမြင်တယ်
ကူသူလည်းမလာ
ကယ်သူလည်းမရှိနဲ့
အော်သံအစုံစုံကို
ကြားသူတိုင်းသိပါစေ
မြင်သူတိုင်းတွေ့ပါစေ....
ရင်ဘတ်ရှိုက်သံ( အင်းလေး)
မြစ်ဧရာရဲ့ရှိုက်သံ
7:12am 6•8•2026
ကူညီပါ ဖေးမပါ
🍓1
Signed ရငင်ဘတ်ရှိုက်သံ( အင်းလေး) အင်းလေး
Showing the 12 most recent of 20 posts we hold for @DeeDeeSarto. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.