9 Aug 2026, 14:29 UTC22 views5 reactionsread 13 August 2026 ဖြစ်ရပ်မှန်တစ်ခုပြောပြမယ်ဆို
ခင်ဗျားတို့နားထောင်ချင်လား။
ဆရာဝန်တစ်ယောက်က
စိတ်ဖောက်နေတဲ့လူနာကို
ရောဂါအကြောင်း
အစ်အောက်မေးတယ်။
လူနာဟာ ပုံမှန်ပကတိလူလိုဘဲ
ဆရာဝန်နဲ့စကားကောင်းကောင်းပြောနိုင်ခဲ့တယ်
နောက်ဆုံး မေးခွန်းမမေးလိုက်ခင်အထိပေါ့။
ဆရာဝန်မေးတဲ့မေးခွန်းဟာ
"ဆရာမင်းကို ပျောက်အောင်ကုနိုင်မှန်း မင်းယုံတယ်မလားတဲ့"
လူနာက အကြောက်ကြောက်အလန့်လန့်နဲ့ ဆရာဝန်ကိုကြည့်တယ်။ လူနာဟာ ရန်သူကိုမဲသလိုလိုနဲ့ ခင်ဗျားကပါ ကျွန်တော့်ဆီကနေလု…
💔3🔥2
8 Aug 2026, 13:04 UTC24 views3 reactionsread 13 August 2026 Photo
တစ်ခါတစ်လေမှာ
မျက်စိမိတ် နားပိတ်နေတာက
ကောင်းပေမဲ့
အလှတရားတွေကိုတော့
ခင်ဗျားတို့လက်လွှတ်ရတတ်တယ်။
ဥပမာပေးရရင်
1.သိပ်လှတဲ့နေထွက်ချိန်
2.သိပ်သာယာတဲ့မွန်းတည့်ချိန်
3.သိပ်ကို ယစ်မူးဖွယ်ကောင်းတဲ့
ညနေဆည်းဆာချိန်
နောက်ဆုံးက...
ကိုယ့်ကို မင်းမလိုအပ်တော့တဲ့အချိန်ပေါ့။
မင်းဘဝထဲ ကိုယ်မရှိတော့တဲ့အတွက်
မင်းကိုယ်စား သိပ်ဝမ်းနည်းရပါတယ်ချစ်ဆုံးရယ်။
ကိုယ့်ကို မင်းလက်မခံတဲ့နေ့တွေဟာ
အလှဆုံး အချိန်သုံးချိန်ကို မင်းမျက်ကွယ်ပြုတာထက်…
❤2💔1
7 Aug 2026, 14:19 UTC26 views2 reactionsread 13 August 2026 မျက်ကွယ်မပြုလိုက်ပါနဲ့အချစ်ရယ် ကိုယ့်ကို မျက်ကွယ်မပြုလိုက်ပါနဲ့။
ဒီလူက ဒီကောင်ကလေ..
မင်းရှိမှ ပြည့်စုံတာ။
မတောင်းဆိုပါဘူး
ဘာဆိုဘာမှ မတောင်းဆိုဖူးတဲ့
မဂျီကျဖူးတဲ့ကိုယ်ဟာ
မင်းကိုတော့ လောဘကြီးမိတယ်လေ။
အစစအရာရာ ရောင့်ရဲနိုင်ပေမယ့်
ကိုယ့်ရဲ့ ရောင့်ရဲနိုင်ခြင်းထဲမှာ
မင်းမပါခဲ့ဘူး အချစ်ရဲ့။
သိပ်ချစ်လို့ အပိုင်ရချင်တာပါ။
သိပ်ချစ်မိလို့ အနားမှာ
ထားထားချင်တာပါ။
ကိုယ့်လောက်ဘယ်သူက
မင်းအပေါ် ချစ်ပေးနိုင်မှာတဲ့လဲ
အရှုံးမပေး…
❤1💔1
4 Aug 2026, 12:59 UTC31 views2 reactionsread 13 August 2026 Photo
သစ်တောရဲ့ချစ်ရသူ(၁)
အဲ့ဒီလူကို စစတွေ့တော့
ပထမဆုံး ရေရွတ်မိသည့်စကားဟာ
နွေးထွေးလိုက်တာ ဟူ၍ပင်။
သူ့သွင်ပြင်ဟာထွက်ခါစ
ရှေ့ပြေးရောင်နီလို
လန်းဆန်းသစ်ပျိုသည်။
သူ့ စကားသံဟာ
ဝင်ခါနီးနေခြည်လို
နွေးထွေးလွန်းလှသည်။
ချစ်သူဖြစ်သူကို
အပြုံးတွေဖောဖောသီသီ
ပေးတတ်တဲ့ အကျင့်ဟာလည်း
နွေးလို့ထွေးလို့။
သစ်တောအတွက်
ချစ်ရသူကို
စကားတစ်ခွန်းဖြင့်တင်စားရသော်
နွေးထွေးသောအဝါရောင်နေခြည်ကိုသာ မြင်မိနေသည်မှာ
သစ်တောရဲ့အမြင်အာရုံမကောင်းဘူးဟု ဝ…
❤1💔1
2 Aug 2026, 04:42 UTC37 views1 reactionsread 13 August 2026 Forwarded from @AdsBurma
မင်္ဂလာပါရှင့် 🖤
လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။
Music
Myanmar songs and International songs
အစုံ
Spring tree
စာတို/စာစု/ကဗျာ
Melody By Kim
𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝
သစ်တောစိမ်း(Ferrea)
Knowledge
Youth's Area (Music and Knowlegde)
Ascend Society
Bright
Learn,Live and Hope
MotiMate
Series/Movi…
❤1
30 Jul 2026, 12:28 UTC49 views3 reactionsread 13 August 2026 Photo
ဒီတစ်ကြိမ်ကော
ဘာထောင်ချောက်တွေဆင်ဦးမှာလဲ
အချစ်ကလေး။
ဒီတစ်ခါကော
ထပ်ပြီး ပြိုလဲအောင်
ဘာတွေကြံဖန်ဦးမလဲဟင်။
ဒီတစ်ခေါက်တော့...
ဒီတစ်ခေါက်တော့ ချမ်းသာပေးပါ
ဆိုပြီး မင်းရှိတဲ့အရပ်မျက်နှာမူ
ကိုယ်ဒူးထောက်တောင်းပန်ပေးရမလား။
မင်းကိုယ့်ကို ထပ်ပြီးနာကျင်အောင်
ခွင့်မပြုဖို့ ကိုယ်ဘယ်တောင်ကိုတက်ပြီး ဘယ်ဆေးဖော်ရမလဲကွယ်။
ကိုယ့်မှာ အသက်နဲ့ ခန္ဓာမြဲရုံတင်
ကျေးဇူးတင်နေရတာ အချိန်ပိုင်း
တောင် မရှိသေးဘူး ချစ်ဆုံးရဲ့။
ကိုယ်လူလိုသူလို…
❤3
30 Jul 2026, 09:48 UTC38 views3 reactionsread 13 August 2026 နေနိုင်သွားတာ မဟုတ်ဘူးနော်.....
နေပြလိုက်တာ သိပ်တော့ မခက်ပါဘူး.....
လွမ်းလာတဲ့အခါတိုင်း....
မျက်စိကိုမှိတ်......
လက်ကို ကျစ်ကျစ်ပါအောင်.....
တင်းထားတယ်.....။
ဒီတစ်ခါတော့.....
မင်း ကြေညာတဲ့ စစ်ပွဲကို.....
ကိုယ်လက်ခံတယ်....
crd:ဝေသာရီနွယ်
❤3
30 Jul 2026, 08:45 UTC40 views5 reactionsread 13 August 2026 အမယ်...ထူးထူးဆန်းဆန်း
ချစ်မိသွားပြန်ပြီ😔။
—သစ်တောစိမ်း(Ferrea)
❤3🤓1🤣1
28 Jul 2026, 14:40 UTC45 views4 reactionsread 13 August 2026 Photo
အချစ်ကိုဖွင့်ဆိုခြင်း။
တချို့ကပြောတယ်....မေ
အချစ်ဆိုတာ စမ်းရေအေးလေးဘဲကွတဲ့။
ချစ်ခြင်း မေတ္တာတွေထပ်တူမကျတဲ့အခါ
သူတို့တွေ အချစ်ကို
စမ်းရေနဲ့ တင်စားကြပါဦးမလားး။
အို..မေရယ်
မောင်ရဲ့အလင်းရောင်လေးရယ်
အလင်းရောင်ဆိုတဲ့အတိုင်း မောင့်အတွေးတွေကို သန့်စင်ပေးတဲ့မေ။
အဲ့ဒီရင်ခွင်သေးသေးလေးဟာ မောင့်အတွက်
နွေးထွေးပေးသလောက်
မေ့နှုတ်ခမ်းပါးက
စကားသံချိုလေးဟာ
မောင့်စိတ်ကို
ကြည်လင်အေးမြစေလိုက်တာ။
အို...မောင့်ချစ်သူမေရယ်
မင်းကလေးဟာ
စမ်…
❤4
27 Jul 2026, 12:11 UTC43 views3 reactionsread 13 August 2026 အပြုံးတွေချိုတဲ့ချစ်သူ။
ချစ်ဦးသူရဲ့အပြုံးဟာ
ရှေ့ပြေး ရောင်နီလိုဘဲ
လန်းဆန်းသစ်ပျိုလို့။
ချစ်ဦးသူရဲ့ ရယ်သံဟာ
ဝင်လုဆဲဆဲ ဝါကျင့်ကျင့်
နေရောင်လိုဘဲ
ေနွးလို့ထွေးလို့။
ချစ်ရသူရဲ့ ဆူပူသံဟာ
အိပ်တန်းငှက်ကလေးရဲ့
တေးသံသာလိုဘဲ
ချိုလို့မြလို့။
အို...ချစ်သူရယ်...
ကိုယ့်အချစ်ရယ်...
အမှောင်အတိလွှမ်းတဲ့
ကိုယ့်ဘဝတောအုပ်လေးကို
ကြိုကြားကြိုကြားထဲကနေ
မရမက ထိုးဖောက်လာတဲ့
ဝါဖန်ဖန် နေရောင်လေး။
ကိုယ့်ဘဝ တောမိုက်ညရဲ့
လင်းရောင်ခြည်လေး။
…
❤3
26 Jul 2026, 07:17 UTC43 views4 reactionsread 13 August 2026 Photo
ကဗျာရေးချင်စိတ်မရှိဘူး။
ကဗျာတွေကို ခဏဘေးထားပြီး
ဘဝရဲ့အလှဆုံး
အခိုက်အတန့်လို့ပြောြကတဲ့
ချစ်သူနဲ့အတူရှိချိန်ကို
အချိန်ပေးချင်တယ်။
ကဗျာရေးပြီး
လွမ်းတော့မယ့်အစား
အပြေးကလေးသွားပြီး
မျက်နှာလေးကို
ပြေးတွေ့လိုက်ချင်တယ်။
ကဗျာဖတ်ပြီးချစ်မယ့်အစား
ဆိုင်ကယ်ကို လီဗာကုန်တင်ရင်း
ချစ်သူရှိရာမြို့ကို
အပြေးသွားလိုက်ချင်တယ်။
ကဗျာရဲ့အနက်ကို
ခံစားေတ့ာမယ့်အစား
ချစ်သူရဲ့ရင်ခွင်မှာ
ခေါင်းကလေးဝှက်ပြီး
ကြောင်တစ်ကောင်လိုမျိုး
ခွေ့နေချင…
❤4
25 Jul 2026, 07:15 UTC41 views3 reactionsread 13 August 2026 Photo
ပင်လယ်ပြာပြာ
ပန်းဝေဆာတဲ့
သဲသောင်ပြင်မှာ
မိသားစုနှင့်အတူ
ခရီးထွက်ချင်သူ။
ပင်လယ်ပြာပြာ
ဝေရီရီတဲ့
လှိုင်းသံတွေကြား
သူငယ်ချင်းတွေနှင့်အတူ
ရယ်သံများဖုန်းလွှမ်းစေချင်သူ။
ပင်လယ်ပြာပြာ
လှိုင်းသံသာတဲ့
ကမ်းစပ်နားတစ်ခွင်မှာ
ချစ်ရသူနှင့်အတူ
ဘဝအချိန်ဖြုန်းချင်သူ။
ပင်လယ်ပြာပြာ
ပန်းဝေဆာပြီး
ရာသီသာတဲ့
ကမ်းစပ်မှလာ
နှစ်သိမ့်သံနှင့်
အနာသင့် ပြည်သူကို
ဆေးကုပေးချင်သူ။
—သစ်တောစိမ်း(Ferrea)
❤3
Showing the 12 most recent of 20 posts we hold for @Ferreapoem. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.