28 Mar 2025, 05:17 UTC≈10,500 views69 reactionsread 29 August 2026 အဖျော်ဆရာဟာ ဘာမှ မငြင်းခဲ့။
ဝါ့ ကို မငြင်းခဲ့။ အရက်ကိုလည်း မငြင်းခဲ့။
ဝါ မို့လည်း မငြင်းခဲ့။ မငြင်းနိုင်ခဲ့။
အရက်မို့လည်း မငြင်းခဲ့။ မငြင်းနိုင်ခဲ့။
ဒီလိုနဲ့....
အဖျော်ဆရာရဲ့ အရိုးဂေါက်ဂက်လက်တွေဟာ ကျွတ်ကျွတ်အိတ်အနီ နဲ့ ပတ်ထားတဲ့ ငွေတစ်ထပ်ကို ဖြည်ထုတ်လိုက်တယ်။
.............................................................................
(၅)
စျေးကြီးဆီကို သွားတဲ့လမ်း မှာ ဇရပ်တခုရှိတယ်။
အဲ့ဒီဇရပ်ဘေးမှာတော့ "ရင်ခွဲရ…
❤55👍14
28 Mar 2025, 05:17 UTC≈8,710 views13 reactionsread 29 August 2026 အဖျော်ဆရာဟာ ဖန်ခွက်ကို နောက်တကြိမ်မောချလိုက်ပြန်တယ်။
...................................................................................
(၂)
"ဖြူဖြူပြာပြာ..နီနီဝါဝါ..ဝေဆာမြူးလို့လွင်..ဟော့တရုံ..ဟော့ တရုံ...ပန်းမျိုးစုံတဲ့ ပြင်"
ဆောင်းဘောက်စ်တွေ ဆိုင်ရှေ့ကိုထုတ်၊ သင်္ကြန်သီချင်းတွေ ဝေဆာနေအောင် ဖွင့်ထားတဲ့ လကမ္ဘာဆိုင်ရှေ့မှာ အဖျော်ဆရာရဲ့ စက်ဘီးဟာ ထိုးရပ်လိုက်တယ်။
"ဟယ်..အကိုကြီး..နေ့ခင်းဘက်ကြီးလာတယ်နော်..အင်းလေ..သင်္…
❤13
28 Mar 2025, 05:17 UTC≈5,410 views14 reactionsread 29 August 2026 အဖျော်ဆရာ
........................................................
(၁)
အဖျော်ဆရာ ဟာ သူ့အဖျော်ခန်းရဲ့အထဲက အကျရည်ကွက်၊ နို့ဆီအစက်တွေ မရှိတဲ့စားပွဲထောင့်မှာ အနီရောင်ကော်ကြွပ်နဲ့ကွပ်ထားတဲ့ လေးထောင့်မှန်ကို ထောင်လိုက်တယ်။
တန်းပေါ်မှာ တင်ထားတဲ့ မြရတနာ အုန်းဆီပုလင်းကို ယူပြီး လက်ဖဝါးထဲ ထည့်တယ်။
နှစ်ပေါင်းများစွာ မီးခိုးကြပ်နံ့စွဲနေတဲ့ သူ့ရဲ့ ဆံပင်ရှည်ရှည်တွေပေါ် လက်ထဲက အုန်းဆီကို ပွတ်ချ။
အဖတ် အဖတ်တွေကွာနေတဲ့ ကော်ဘီးကို …
❤13👍1
28 Mar 2025, 05:17 UTC≈3,670 views0 reactionsread 29 August 2026 Photo
Photo, posted without a caption
28 Mar 2025, 05:16 UTC≈3,670 views13 reactionsread 29 August 2026 #မုန့်ကြိတ်ဆုံလုပွဲ
ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ…။
အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)
သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ် မေ့ထားလိုက်ပါတယ်…
ရှိသမျှ လင်းစရာဝေစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တေ…
👍8❤5
26 Mar 2025, 04:42 UTC≈3,570 views6 reactionsread 29 August 2026 သို့သော် ဇာတိကို ဖက်တွယ်ထားမိခဲ့ခြင်း၊ ပြေးကြည့်မှ ညီအကို နှစ်ယောက်တည်းပင်မို့ သံယောဇဥ်ပိုမိပြီး အကိုကြီးတော့အဖရာ တွယ်တာရာမဲ့သွား
မည့် ညီလေးရဲ့အဖြစ်ကိုလည်းမမြင်လို။ လူကို ခွေးလိုသတ်မှတ်ပြီး အသေသတ်မည့် ဥပဒေအောက်လည်း မနေလို။ မိုးပြိုတာ အများနဲ့ဆိုရအောင်လည်း လူယုတ်မာတွေနဲ့ရောပြီး အသက်ကို အဆုံးရှုံးမခံလို။ နေ့တွေတိုင်းဟာ ခြောက်ကပ်ကပ်နဲ့ ပျော်ရွှင်ခြင်းဟူသည် အဘယ်မှာမှ ရှာဖွေမတွေ့နိုင်။
ခြောက်ကပ်ကပ် ပိန်လှီလှီ အောင့်သက်သက်…
❤3👏3
26 Mar 2025, 04:42 UTC≈3,620 views16 reactionsread 29 August 2026 "လူငယ်တချို့၏ သောက"
◼️မြရဲလွင် (ဝေးလွင့်ငှက်)
မြစ်သည် ပင်လယ်ထဲသို့ စီးဝင်ခြင်းအပေါ်
ကြောက်ရွံ့မှုမရှိ ...။
လှေငယ်ဟာ ခက်ထန်တဲ့လှိုင်းကို ကြောက်ရွံ့၍
ကုန်းပေါ်တွင် နေမြဲမရှိ ...။
အလင်းရောင်အောက်ဝယ် ပြတင်းတံခါးမှ လောကကို မျှော်ငေးကြည့်လိုသူတို့သည် အချိန်ရှိသမျှ အမှောင်မှရုန်းထွက်ရန် ကိုယ်စွမ်းဉာဏ်စွမ်း အားကုန်သုံးတော့၏ ...။
ဒီရေသည် လရောင်နဲ့ ဆက်စပ်မှုရှိခြင်းအပေါ် ...
ကျနော် ရွတ်ကြည့်နေသောစာပိုဒ် ရပ်တန့်လိုက်ပါ၏။
အသံ…
❤13👍3
26 Mar 2025, 04:42 UTC≈2,600 viewsread 29 August 2026 Photo
Photo, posted without a caption
22 Mar 2025, 10:55 UTC≈2,920 views19 reactionsread 29 August 2026 Photo
" A Cracked bell never sound well "
တခါက ထောင်က ထွက်လာတဲ့ သူခိုးတယောက်ရှိတယ်။ သူ့ဘဝကိုပြင်ပြီးလူကောင်းသူကောင်းတယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချထားလေရဲ့။ တနေ့မှာ သူဟာ ရေနစ်နေတဲ့ ကလေးတယောက်ကို အသက်ကယ်လိုက်တယ်။ နောက်နေ့မှာပဲ သက်ဆိုင်ရာလူကြီးတွေ သူ့အိမ်ကိုရောက်လာပြီး “ရေနစ်တဲ့ကလေးကို ကယ်တာမင်းလား” လို့မေးကြတယ်။ ဝမ်းသာချိုမြတဲ့အပြုံးနဲ့ သူ ဆီးကြို ဝန်ခံခဲ့ပါတယ်။ သက်ဆိုင်ရာလူကြီးတွေက သူ့ကို စကားတစ်ခွန်းပြောတယ်…
❤14👍3🔥2
2 Mar 2025, 04:41 UTC≈2,980 views8 reactionsread 29 August 2026 Photo
လွမ်းတတ်သူများ
လွမ်းတတ်သူကို
နွမ်းနွမ်းလျလျ
လွမ်းကြသည် '
မောင်ဒေါင်း (၁၉၅၀ - ၂၀၂၅)
👍8
2 Mar 2025, 04:40 UTC≈2,680 viewsread 29 August 2026 သေကွဲရင် ကွဲ မကွဲရင် ရှင်ကွဲ ပဲ
အသိုက်အမြုံလေးတွေ ခမျာ အားလုံး ဖရိုဖရဲနဲ့
မျက်ရည်မဝဲဘူး ဆိုရင်
ခေတ်ကြီးကို မျက်နှာလွှဲ ထားလို့ ဖြစ်မှာပေါ့
မောင်ဒေါင်း ကတော့ ရွှေး မြစ်ကမ်းပါးကနေ
အလွမ်းစကားတွေ ဆက်ဆိုနေရအုံးမဲ့ လူပါ။
(မောင်ဒေါင်း ၏ လွမ်းတတ်သူများစာအုပ်မှ ကောက်နုတ်ဖော်ပြ)
မှတ်ချက်။ ။
၂၀၂၃ ကိုဒေါင်း ရန်ကုန် အလည်လာတုန်းက အာလ္လာပ သလ္လာပ ပြောခဲ့သမျှကို အကောင့်တွင် တင်ခဲ့ပြီး ဖြစ်သော်လည်း ကိုဒေါင်း အမှတ်တရ
အနေဖြင့် ယခုအ…
2 Mar 2025, 04:40 UTC≈2,480 views5 reactionsread 29 August 2026 ကျနော် : : အဲ့ဒါကို ကျနော် သဘောကျတာ။ ဆရာတို့၊ ကိုဆွေတို့က ကိုယ့်အတွေ့အကြုံ၊ ကိုယ်ခံစားမှုကိုပဲအရိုးသားဆုံးပြန်လည်တင်ပြတယ်။ အဲ့ဒီမှာ တင်ပြတဲ့အခါ ဆရာတို့ ရဲ့ အရေးအသားဝါကျတွေမှာ ရိုးသားမှုကို
စာဖတ်သူ ကျနော်တို့က ခံစားရတယ်။ ဒါမျိုးက ရှားတယ်။ ဒါကြောင့် ဆရာတို့ ခေတ်ပြိုင် လူနည်းစု တအုပ်စုလုံးနီးပါးကို ကျနော် နှစ်သက်ရတာပဲ။
ကျနော် : : :: ကိုဆွေ နဲ့ ဆရာရင်းနှီးခဲ့ဖူးလား
မောင်ဒေါင်း : : :: ကိုဆွေက တကယ့်လူအေး လူရို…
👍4❤1
Showing the 12 most recent of 18 posts we hold for @bookreader222. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.