20 Nov 2025, 20:13 UTC≈2,050 views72 reactionsread 20 August 2026 မိုး - အပိုင်း (၈) ကို တင်ပေးလိုက်ပါပြီ။
တော်တော်လေး ကြာသွားတာတဲ့အတွက် တောင်းပန်ပါတယ်။
နောက်အပိုင်းတွေကို ဆက်ပြီး အချိန်တိုအတွင်းမှာ ကြိုးစား တင်ပေးသွားပါ့မယ်။
ရှေ့အပိုင်းတွေတုန်းကလိုပဲ channel ထဲကနေ random ၂ ဦး ရွေးချယ်ပြီး ဉာဏမြေပုံ စာအုပ်ကို လက်ဆောင်ပေးပို့သွားမှာပါ။
အပိုင်း ၁ ကနေ ၈ အထိ လင့်တွေကိုလည်း ဒီမှာ စုပေးထားပါတယ်။ ကျေးဇူးပါ။
မိုး အပိုင်း ၁ - https://t.me/chanmyaewinbooks/99
မိုး အပိုင်း ၂ - https:/…
❤69👍3
20 Nov 2025, 20:10 UTC≈1,510 views40 reactionsread 20 August 2026 ကျွန်မ နားမလည်သလို မျက်မှောင်ကြုတ်လိုက်မိတယ်။ ဆေးရုံတဲ့..။
သွင်သုတက သူ့အင်္ကျီသူ ပြန်ငုံ့ကြည့်တယ်။ တစက်စက် စီးကျနေတဲ့ မိုးရေတွေက အနီရောင်သမ်းပြီး ကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေပြီ။
“ဆေးရုံဆိုတော့.. ”
“ဟုတ်တယ်။ ကောင်မလေးက အသက်ရှင်နေသေးတယ်။ မသေဘူး ဒါပေမယ့် သတိပြန်ရလာမလား၊ ဒီလိုပဲ ဆုံးပါးသွားမလား ဆိုတာတော့ မသေချာဘူးတဲ့.. ဆရာဝန်တွေက ပြောတယ်။ ဓားဒဏ်ရာတွေက တော်တော်များတယ်။ ခါးမှာရော၊ ကျောမှာရော.. ရင်ဘတ်မှာရော.. အပြည့်ပဲ.…
❤39⚡1
20 Nov 2025, 20:10 UTC≈1,230 views22 reactionsread 20 August 2026 ကိုယ်ချင်းစာစိတ်.. ဆိုတာ ကျွန်မ ကိုယ်ခန္ဒာထဲမှာ တော်တော့်ကို ကြိုးစားရှာရမယ့် အရာတစ်ခုပါ။ ဒါပေမယ့်.. အခုလို မိုးသည်းထဲမှာ တစ်ယောက်တည်း (အသက်ရှင်လျက်ဖြစ်စေ၊ အသက်မရှိတော့သည်ဖြစ်စေ) ဖြစ်နေရှာမယ့် အဲဒီ မိန်းကလေးကိုတော့ ကိုယ်ချင်းစာမိတယ်။ သနားမိတယ်။ ဘယ်သူမှ ထင်မထားသလို.. ချစ်သူရည်းစားနောက်ကို ခိုးရာလိုက်သွားတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရတာပဲ။ ဒါပေမယ့် တောင်းသမျှ ဆုတောင်းရဲ့ အပုံ ၁၀၀ ပုံ ၁ ပုံကိုတောင် ဖြည့်မပေးချင်တဲ့ လက်တွေ…
❤21⚡1
20 Nov 2025, 20:10 UTC620 views18 reactionsread 20 August 2026 ဦးဖြိုးနိုင်က စကားဆက်မပြောနိုင်တော့ဘဲ အင့်ခနဲ အသံတစ်ချက်ထွက်လာပြီး မျက်နှာကိုလက်ဝါးနဲ့အပ်.. ခေါင်းငိုက်စိုက်ကျသွားတယ်။ ဘေးမှာ ရပ်နေတဲ့ လူတချို့က သူ့ရဲ့ ပခုံးကိုလက်တွေနဲ့ အသာအယာ ပွတ်သပ်ရင်း နှစ်သိမ့်ပေးကြတယ်။
“ဒါပေမယ့်.. အခုလို မိုးသည်း ရေကြီးနေတဲ့ အချိန်မှာ မကျွမ်းကျင်သူတွေအနေနဲ့ လိုက်ရှာမယ်ဆိုရင် အန္တရယ် ရှိနိုင်တယ်လေ။ အဲဒါကို နားလည်ပေးပါ”.. ရဲအုပ်ထူးသာက ပြောတယ်။
လူအုပ်ထဲက မကျေနပ်သံတွေ၊ စောဒက တက်သံတွေ ဆူညံပြီး ထွက…
❤17⚡1
20 Nov 2025, 20:10 UTC459 views20 reactionsread 20 August 2026 “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လုပ်ငန်းသဘောအရ ဖြစ်နိုင်ခြေ အားလုံးကို ထည့်စဉ်းစားရမှာပဲ ခင်ဗျ။ မိုးနည်းနည်းစဲသွားရင် ကမ်းဝါ မြစ်တလျှောက် ပိုက်စိပ်တိုက် ရှာဖို့ ကျွန်တော် လူအင်အား စုထားတယ်။ ဒါမှ မထူးသေးရင် မြို့တစ်ဝိုက်မှာရှိတဲ့ ချောင်းတွေ မြောင်းတွေထဲမှာလည်း နိုင်သလောက် လိုက်ရှာကြည့်မယ်”
“အဲဒါမှ မထူးသေးရင်ရော ဘာဆက်လုပ်မှာလဲ ဆရာ”.. ဆိုင်ရှင် အမျိုးသမီးက မေးတယ်။ သူ့မေးခွန်းကို ထောက်ခံတဲ့ အသံတွေ ညံခနဲ ထွက်လာတယ်။
“…
❤19⚡1
20 Nov 2025, 20:10 UTC422 views19 reactionsread 20 August 2026 “ဟုတ်ပြီ။ လူပျောက်နေတယ်ဆိုပြီး ကျွန်တော်တို့ဆီကို ဒီနေ့ အကြောင်းကြားလာတယ်။ ပျောက်နေတဲ့ မိန်းကလေးရဲ့ နာမည်က မေမြတ်သူ (ခေါ်) သူသူ ။ အသက် ၂၁ ။ မဒီ (၃) ဆံပင်ညှပ်ဆိုင်မှာ ဆံသ အကူအဖြစ် အလုပ်လုပ်နေတယ်။ ကမ်းဝါ ဇာတိ မဟုတ်ဘူး။ ကျွန်တော်တို့ ကမ်းဝါနဲ့ ကားနဲ့သွားရင် ၂ နာရီလောက် ဝေးတဲ့ မိုင်စု ရွာသူ။ သူ့မိဘတွေက မိုင်စုမှာပဲ နေတယ်။ အခု သူတို့ကိုလည်း အကြောင်းကြားထားတယ်။ ဒီနေ့ ကမ်းဝါကို လိုက်လာကြလိမ့်မယ်”
သွင်သုတနဲ့ မင်းစိုးအာကာက ရ…
❤18⚡1
20 Nov 2025, 20:10 UTC387 views18 reactionsread 20 August 2026 အားလုံးဆီက ထောက်ခံသံတွေ စုပြုံပြီး ထွက်လာကြတယ်။
“အဲဒီလိုတော့လည်း အဆင်မပြေဘူးလေ”.. ကိုကျော်ဆိုတဲ့သူက ပြောတယ်။ .. “နံပါတ် ၁ အနေနဲ့ ကျွန်တော်တို့ ကမ်းဝါမှာ ညဘက် အလုပ်လုပ်ရတဲ့သူတွေ ရှိသေးတယ်။ ညစျေးသည်တွေ၊ ညဘက်ဖွင့်တဲ့ ဆိုင်တွေ.. စသဖြင့်။ ပြီးတော့ နံပါတ် ၂ အနေနဲ့ .. ညမထွက်ရလို့ ထုတ်ပြန်ပြီး အဲဒါကို ဘယ်သူက ကြီးကြပ် စီစဉ်မှာလဲ။ ကမ်းဝါရဲ့ ရဲဌာနက သေးသေးလေး။ အင်အားအလုံအလောက် ဘယ်လိုမှ မရှိနိုင်ဘူး”
“ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မကတ…
❤17⚡1
20 Nov 2025, 20:10 UTC415 views19 reactionsread 20 August 2026 “ကျွန်တော့်နားမှာ ရပ်နေ။ မဟုတ်ရင် ခင်ဗျားနားကို လူတွေ ဝိုင်းလာလိမ့်မယ်။ သွင်သုတ.. အခြေအနေ မဟန်ရင်.. သူ့ကို ခေါ်ထုတ်သွားဖို့ အသင့်ပြင်ထား။ အားလုံးက စိတ်တွေဆိုးနေတာ ဘာမှ ပြောမရဘူး”
ကျွန်မနဲ့ မင်းစိုးအာကာကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့ လူပေါင်းများစွာထဲမှာ ဟိုတစ်နေ့တုန်းက အသုဘမှာ တွေ့ခဲ့တဲ့ အန်တီကြီးလည်း ပါတယ်။ သောကဒဏ်နဲ့ ရှိရင်းအသက်ထက် နှစ်ဆလောက်ပိုပြီး အိုစာနေတဲ့ အဲဒီ အန်တီ့ မျက်နှာဟာ ရေမရတဲ့ အပင်ခြောက်တစ်ခုလို ပ…
❤18⚡1
20 Nov 2025, 20:10 UTC640 views17 reactionsread 20 August 2026 မိုး - အပိုင်း ၈
+++++++
ချမ်းမြေ့ဝင်း ရေးသည်။
အခန်း (၁၂)
တစ်လောကလုံး စိုစွတ်အေးခဲနေပေမယ့် အခု ကျွန်မ ရောက်နေတဲ့ ခန်းမဆောင်ထဲမှာတော့ အပူရှိန်က တရိပ်ရိပ်တက်လို့လာနေတယ်။ အခန်းနဲ့ အပြည့် ခြေချစရာမရှိအောင် ပြည့်ကျပ်နေတဲ့ ရာနဲ့ချီမယ့် လူအုပ်ကြီးဆီကနေ ထုတ်လွှင့်နေတဲ့ ကိုယ်ပူငွေ့ တထောင်းထောင်းကြောင့် ခန်းမဆောင်ဟာ ထမင်း ပေါင်းအိုးတစ်ခုထဲ ရောက်နေသည့်အလား စိုစွတ် ပူလောင်နေတယ်။ မျက်နှာကြက် ခံမထားတဲ့အတွက် သွပ်မိုးပေါ်ကို တဒေါင…
❤16⚡1
20 Nov 2025, 04:16 UTC808 views41 reactionsread 20 August 2026 “ကျန်းမာတဲ့ချစ်ခြင်း” နဲ့
“မကျန်းမာသောချစ်ခြင်း” ဆိုပြီး
နှစ်မျိုးရှိတယ်။
မကျန်းမာသောအချစ်ဆိုတာ
ပြဿနာတွေဆီကနေ ထွက်ပြေးဖို့
တစ်ယောကိကို တစ်ယောက်က
အသုံးချနေတာ။
ကျန်းမာတဲ့ချစ်ခြင်းဆိုတာ
တစ်ယောက်အခက်အခဲကို
တစ်ယောက်က နားလည်ပြီး
အပြန်အလှန် ကူညီဖေးမပေးတာမျိုးပါ။
- ဂရုမစိုက်ခြင်း အနုပညာ
စာအုပ်မှ
❤40👍1
20 Nov 2025, 04:04 UTC795 views28 reactionsread 20 August 2026 အနာကျင်ဆုံး အချိန်တွေမှာသာ
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖို့
စဉ်းစားမိတတ်တာ။
ဘဝ တစ်ခုလုံး
ရမ်းခါသွားတော့မှသာ
ကိုယ့်ကိုယ်ကိုယ်
ပြန်ကြည့်မိတတ်ကြတာ။
- ဂရုမစိုက်ခြင်း အနုပညာ
စာအုပ်မှ
❤26👍2
15 Nov 2025, 08:03 UTC≈1,140 views42 reactionsread 20 August 2026 အနာဂတ်ကို ကြိုမြင်နေရရင်တောင်
တစ်ယောက်တည်း ရှေ့ဆက်ဖို့က
ခက်လွန်းတယ်။
-မျှော်လင့်ခြင်းဖတ်စာ စာအုပ်မှ
❤42
Showing the 12 most recent of 19 posts we hold for @chanmyaewinbooks. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.