11 May 2025, 09:12 UTC≈2,720 views13 reactionsread 7 September 2026 အလှတရားတွေကိုငါဟာရှာဖွေရင်း
အတွေးမြစ်ပြင်ကျယ်ထဲ နစ်မွန်း
အချစ် အမုန်း နာကျည်းခြင်းနဲ့ ခွင့်လွှတ်ခြင်းတရား
ငါ မနာရသေးဘူး။
နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှု
သိစိတ်နဲ့မသိစိတ်ကြားကလူသား
သံယောဇဉ်လား ချစ်ခြင်းလား
ငါမဝေခွဲတတ်။
ဝေါဟာရများနဲ့ ဘာသာဗေဒ
ဘဝရဲ့ အဓိပ္ပာယ်
ချစ်ခြင်းရဲ့ဖွင့်ဆိုမှု
တရားနဲ့မတရားမှုကြားက
လစ်ဟင်းမှုလိုပါပဲ။
ငါအဖြေမရှာနိုင်သေးဘူး။
ပင်လယ်ရဲ့လှပခြင်းဆိုတာ
လှေမှောက်ခဲ့တဲ့ တံငါသည်သား
တွေ့နိုင်ပါ့မလား။
တိမ်…
❤12🥰1
Signed ထက်အရုဏ်
24 Apr 2025, 03:16 UTC≈2,410 views6 reactionsread 7 September 2026 ဒဏ်ရာတွေမှာ
သက္ကရာဇ်တွေထည့်ထည့်ပေါင်း
မဟောင်းသေးပါတဲ့။
အစွန်းရောက်နစ်ဝင်ခြင်းတွေမှာ
လွင့်မြောနေတဲ့ ပုလဲလုံးတွေအစီအရီ
ငါ့ရင်မှာပြည့်လို့ပေါ့။
ကြည့်စမ်းပါဦး ကျကျနနလှပနေတဲ့
ငါ့ကျောပြင်
သူတစ်ပါးဖိနပ်ရာတွေနဲ့
နက်နက်စိုက်ထားတဲ့ ဓားမြှောင်တွေနဲ့
ကြည့်စမ်းပါဦး ဝင့်ဝင့်ကြွားကြွား
တင့်တယ်နေတဲ့ ငါ့သမိုင်းစာအုပ်
သူတစ်ပါးလက်ရေးတွေနဲ့
ရွံတယ်ဟေ့ ရွံတယ်
ခေတ်ရိုးကျိုးနေတဲ့ ဒိုင်ယာရီစာအုပ်လေး
ငါရွံတယ်။
အဆုံးထိတွန်းချပြီးမှ
ကမ်းတဲ့လက်တ…
❤6
Signed ထက်အရုဏ်
23 Mar 2025, 13:58 UTC≈2,040 views6 reactionsread 7 September 2026 ကျွန်တော်ကတော့ ကဗျာတွေရေးခဲ့လိုက်တာပါပဲ
ခင်ဗျားနှလုံးသားက အလုံအလောက်ခမ်းနားရဲ့လား
လူပြိန်းကြိုက် စာသားတွေမရေးတတ်ခဲ့ဘူး
ဒါကြောင့် ကျွန်တော်ဟာ
လူမုန်းများတဲ့ကဗျာဆရာဖြစ်လာပါလိမ့်မယ်။
လောကကို ပြောင်တင်းတင်း
ဆန့်ကျင်မယ် ပုန်ကန်မယ်။
ငါ့ကဗျာတွေငါ့လက်နက်ပဲ
အကြောင်းတိုက်ဆိုင်လို့
နာသင့်သူနာစေသတည်း။
ငါ့ကဗျာတွေက ငါ့တရားပဲ
အကြောင်းတိုက်ဆိုင်လို့
ကျွတ်ထိုက်သူ ကျွတ်စေသတည်း။
ငါ့ကဗျာတွေ ကဗျာမစစ်ဘူးထင်ပါသလား
ကျုပ်ပြောခဲ့ပါတယ်
ခင်ဗျား…
❤6
Signed ထက်အရုဏ်
21 Mar 2025, 03:49 UTC≈1,630 viewsread 7 September 2026 https://us05web.zoom.us/j/5688478803?pwd=aYsZXX9BSKRT3nFaGMshk8Dk9i1Ius.1
Signed 💋
21 Mar 2025, 03:46 UTC≈1,450 viewsread 7 September 2026 15 minutes နေရင် meeting စပါမယ် ဗျ
Signed 💋
20 Mar 2025, 16:40 UTC≈1,370 views3 reactionsread 7 September 2026 အခမဲ့ဓာတ်ပုံပညာမျှဝေခြင်း
မနက်ဖြန် ၂၁.၃.၂၀၂၅ ရက်နေ့
မနက်၁၀နာရီခွဲ အချိန်
Zoom meeting နဲ့ ပညာဒါန မျှဝေပေးသွားမှာ ဖြစ်ပါတယ်
မြန်မာနိုင်ငံက ဓာတ်ပုံပညာကိုလေ့လာနေသောလူငယ်များ အားလုံး အတွက် အရမ်းကို အကျိုးရှိတဲ့ online meeting လေးဖြစ်ပါတယ်
ဓာတ်ပုံပညာကို တကယ်စိတ်၀င်စားပြီး တကယ့်ကို photographer တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မနက်ဖြန် meeting ကို လာကိုလာသင့်ပါတယ် ဗျ
အခု သင်ပေးမဲ့သင်ခန်းစာ အားလုံးသည် အခမဲ့ ဖြစ်ပါတယ် အားလုံ…
❤2👍1
Signed 💋
20 Mar 2025, 13:31 UTC994 viewsread 7 September 2026 မနက်ဖြန် မနက် ၁၀ခွဲ online meet ရှိပါတယ် ခင်ဗျာ
ဓာတ်ပုံနဲ့ ပက်သက်တာ မှန်သမျှ သိချင်တာ အကုန်မေးမြန်းလို့ရပါတယ်
Zoom link ကို အောက်မှာ ချထားပေးပါမယ်
Meeting id- 568 847 8803
Password -nJNE6u
https://us05web.zoom.us/j/5688478803?pwd=aYsZXX9BSKRT3nFaGMshk8Dk9i1Ius.1
Signed 💋
20 Mar 2025, 05:17 UTC990 views1 reactionsread 7 September 2026 Forwarded from @poemmuseumandalwangabar27yh004
မင်္ဂလာပါ၊ ကျွန်တော့်နာမည်က စွမ်းထက်သူ ပါ။ ကျွန်တော်က ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံပညာကို ချစ်မြတ်နိုးသူတစ်ယောက်ပါ။ ကျွန်တော်ရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေကို လူတိုင်းကိုမျှဝေချင်လို့ Social Media ပေါ်မှာ ဓာတ်ပုံပညာကို အခမဲ့သင်ပေးသွားဖို့ စီစဉ်ထားပါတယ်။
ကျွန်တော်ရဲ့ သင်ခန်းစာတွေမှာ ဖုန်းနဲ့ဓာတ်ပုံရိုက်ခြင်းရဲ့ အခြေခံကနေ စတင်ပြီး လူတိုင်းလွယ်လွယ်ကူကူနဲ့ နားလည်လက်ခံနိုင်အောင် ရှင်းပြသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံပညာကို စ…
👏1
Signed 💋
17 Mar 2025, 12:55 UTC924 views2 reactionsread 7 September 2026 ပင်လုံးကျွတ် လွတ်အောင်လှပါသတဲ့
စိမ်းစိုစိုရွက်ညှာငယ်ကြားမှာပ
ပန်းဆီရောင် စီခြယ်ပွင့်ပါတဲ့
တင့်တယ် ကုက္ကိုယ်...။
အေးရိပ်မြုံ မျက်စုံရယ်သာချမ်း
နှစ်မျိုးလုံးပေးစွမ်းပါပေမယ့်
ပန်သူမဲ့ မြေခရသော်လည်း
ပင်မှာဝေချိန် အစွမ်းကုန်လှပေရော့
ပင်ကုက္ကိုလ်ပန်း။
#ထက်အရုဏ်
❤2
Signed ထက်အရုဏ်
14 Mar 2025, 06:56 UTC≈1,010 viewsread 7 September 2026 Hello အားလုံးဘဲမဂ်လာပါရှင့် သော်
ပြိုင်ပွဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်လို့ပါ
စာပေရိပ်မြုံteamရဲ့ စာရေးဆရာ/ဆရာမများထဲမှ ဆရာတစ်ဦးဖြစ်တဲ့ ‘ဆရာဇွဲခေတ်နှောင်း’၏ မွေးနေ့အမှတ်တရအနေနဲ့
စာပေရိပ်မြုံရဲ့ subscriber များထဲမှာ ‘ကဗျာအရေးအသား’ဝါသနာပါသူတွေအတွက်
16/3/2025မှစတင်၍19/3/2025အထိစာမူလေးများကိုနောက်ဆုံးပေးပို့ရမည်
ယှဥ်ပြိုင်ရမည့်ကဗျာခေါင်းစဥ်လေးအား
စာပေရိပ်မြုံမှ ယခုပွဲစီစဥ်သူ -သော်မှ နေ့လည်၁၂နာရီတွင်ပေးပို့ပေးမည်
‘ပြို…
Signed ထက်အရုဏ်
6 Mar 2025, 12:24 UTC827 viewsread 7 September 2026 စူးစူးဝါးဝါးအော်သံနဲ့အတူ
ပြေးထွက်လာခဲ့
ပုံရိပ်ထင်နေတဲ့
ငါမှာဒဏ်ရာဒဏ်ချက်တွေနဲ့၊
ရေတစ်ခွက်ကို မော့သောက်လိုက်တော့
လည်မျိုပေါ်က ခေတ်တွေကတင်းခံနေတယ်။
မှောင်မိုက်တဲ့ညတာများမှာ
ငါ့အတွက် မျက်လုံးကိုထည့်သိမ်းထားစရာ
ပုလင်းမဲကြီး အဆင်သင့်ရှိတယ်။
လူ့အဖွဲ့အစည်း စိတ်ဓာတ်များထဲ
"မေတ္တာတရား" လို့ရှာကြည့်တော့
Error 404 တဲ့။
ရင်သားတို့ကိုတပ်မက်တဲ့ခေတ်မှာ
လက်ဖဝါးနုနုကိုသာစွဲလမ်းခဲ့သူများကို
တွေ့ချင်ရင် အလင်းဆိုင်ရဲ့
ချောင်အကျဆုံးဝိုင်…
Signed ထက်အရုဏ်
28 Feb 2025, 07:59 UTC847 views1 reactionsread 7 September 2026 ကဗျာမရေးနဲ့ဦး ညီလေးရေ
ကဗျာနဲ့စကားပြေမကွဲပြား
မော်ဒန်ကိုစာတိုရောနေတဲ့ခေတ်မှာ
ကဗျာမရေးနဲ့ဦး ညီလေးရေ...။
ညီလေးရေ
ကဗျာလောကကြီးမှာ
နှလုံးသားမရှိဘဲ ကလောင်သွေးနေကြတယ်
မင်းနှလုံးသားနဲ့ ရေးချင်ရင်တော့
ကဗျာမရေးနဲ့ဦး ညီလေးရေ...။
ညီလေးရေ...
ကဗျာလောကကြီးဟာလေ
အစုစု အဖွဲ့ဖွဲ့နဲ့ တစ်ရွာနှစ်စင်ထောင်
တစ်ခုခုဆို ရုံးရုံး အုန်းအုန်းနဲ့
ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင်
ကဗျာမရေးနဲ့ဦး ညီလေးရေ...။
ညီလေးရေ...
နှစ်ကြောင်းသုံးကြောင်းရေးပြီး
…
❤1
Signed ထက်အရုဏ်
Showing the 12 most recent of 20 posts we hold for @enoinm. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.