9 Aug 2026, 05:10 UTC10 views1 reactionsread 10 August 2026 အနာဂါတ်ရော
မျှော်လင့်ချက်ရော
ရှင်သန်ဖို့အတွက်ရော
တိတိကျကျရယ်လို့
ဘာမှဟုတ်တိပတ်တိ
မရှိခဲ့တဲ့ဘဝတွေဟာ
ပါးပြင်ကမျက်ရည်ဆိုတာ
သူတို့အတွက်
မွန်းကြပ်မှုကိုလျှော့ချပေးတဲ့
မူလီတစ်ခုပဲ
လှော်တက်မရှိတဲ့လှေငယ်တစ်စင်းဟာ
နစ်မြှပ်မှာလဲပူရ မရောက်မှာလဲပူရနဲ့
ဗျာဗာဒတွေ လှေဝန်းထဲမှာ
ပြည့်လို့
ရေလှိုင်းနဲ့ မုန်တိုင်းကြားမှအလူးအလဲ အသက်ကိုသိမ်းထားဖို့
ခြောက်ခြောက်သွေ့ရယ်လို့
ဘယ်နေရာမှမရှိသလောက်ပဲ
လွင့်ချင်ရာလွင့် နစ်ချင်ရာနစ်
ဘယ်ကမ်းကပ်ကပ…
❤1
8 Aug 2026, 13:52 UTC17 views2 reactionsread 10 August 2026 ကဗျာရွတ်တဲ့အစီစဥ်လေးမှာ တက်ရောက်အားဖြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ့
❤2
8 Aug 2026, 13:52 UTC18 views2 reactionsread 10 August 2026 https://t.me/Danyar9999?livestream=fd9bb68229d298fe3d
❤2
8 Aug 2026, 13:07 UTC84 views3 reactionsread 10 August 2026 Photo
ရယူခြင်းဆိုတဲ့ ပုဒ်မထဲမှာ
ငါတို့ နာမည်တွေ ပါမလာတော့ဘူး။
အသက်ဆက်ဖို့ အသက်ရှူနေရတာကလွဲရင်
ငါတို့မှာ စိုးရိမ်စရာ အိပ်မက်တွေမရှိတော့ဘူး
ဆုံးရှုံးစရာမရှိတဲ့ လူတွေဟာ
ကမ္ဘာပေါ်မှာ အရဲရင့်ဆုံးပဲ မဟုတ်လား
ဗစ်တာခင်ညိုရဲ့ ဒီဇင်ဘာနံနက်ခင်းနဲ့မင်းကို လွမ်းခြင်းဖွဲ့တရ်
အချစ်ဆိုတဲ့ စစ်မြေပြင်မှာ
ငါဟာ အလံဖြူမပြဘဲ စူးစူးဝါးဝါး ကွဲရှခဲ့ရသူပေါ့။
•ဖိုးစော
❤3
7 Aug 2026, 11:27 UTC66 views7 reactionsread 10 August 2026 ချစ်ခြင်း၏ နိဂုံးသည် ဒဏ်ရာသာဖြစ်မည်ဟု
ကြိုတင်ကာ သိခဲ့ပါလျှင်
ဤမျှလောက် မေတ္တာမတိုင်မှီကပင်
ငါ၏ နှလုံးသားကို တံခါးပိတ်ထားခဲ့ပါသည်။
•ဖိုးစော
❤6🔥1
7 Aug 2026, 01:21 UTC68 views6 reactionsread 10 August 2026 Photo
ကောင်းကင်ကြီးတစ်ခုလုံး ပိုင်ဆိုင်ထားပါလျက်နဲ့
ငါ့မှာတော့ မြေပြင်ပေါ်ကို ငိုကြွေးရင်း ထိုးဆင်းခဲ့ရတယ်
ငါဟာ အတောင်ကျိုးငှက်တစ်ကောင်ပါပဲ
ငါဟာ
ဘယ်တော့မှ ပြန်မပျံသန်းနိုင်တော့မယ့်
အတောင်ကျိုးငှက်တစ်ကောင်ပါပဲ။
•ဖိုးစော
❤5🔥1
6 Aug 2026, 06:33 UTC63 views8 reactionsread 10 August 2026 Video
မင်းဆွတ်ယူဖို့ ငုံ့မပေးနိုင်လို့
လမ်းဘေးမှာ ကြွေကျပါစေ
မြေဇာပင် အဖြစ်ပဲ ခံယူမယ်
တန်ဖိုးမသိတဲ့ လက်ထဲမှာ မယှက်နွယ်နိုင်တာငါ့မာနပဲ။
•ဖိုးစော
❤7🥰1
6 Aug 2026, 01:32 UTC24 views7 reactionsread 10 August 2026 ပန်းတစ်ပွင့်ကို
နမ်းရှိုက်ချင်ရင်
နမ်းထိုက်တဲ့
အခွင့်အရေးကလည်း
ရှိဖို့လိုသေးငါ့ကောင်ရ
တစ်ဖက်ကမလိုလားရင်
အတင်းမကြိုးစားရဘူး
ရပ်သင့်တဲ့နေရာမှာ
ရပ်ရမယ်
ကျန်ခဲ့သင့်တဲ့နေရာမှာ
ကျန်ခဲ့ရမယ်
ဒါတွေက
ဘယ်စာအုပ်ထဲမှာမှမပါတဲ့
လူ့ကျင့်ဝတ်တွေပဲ
ငါ့ကောင်ရ...။
-လုလင်ပျို
❤7
6 Aug 2026, 00:57 UTC24 views5 reactionsread 10 August 2026 Forwarded from @Danyar9999Photo
ကြိုး ( ၅ )
ပေးသမျှမေတ္တာတွေက
ငေးကြည့်နေဖို့မှမဟုတ်တာ
လွမ်းရတဲ့အထိတော့
ဘယ်ဖြစ်သင့်ပါ့မလည်း
ပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒနဲ့
တိတ်ဆိတ်ပေးလိုက်တာလေ။
-ချည်
❤5
5 Aug 2026, 10:38 UTC83 views5 reactionsread 10 August 2026 Video
အချစ်နဲ့ မာန ယှဉ်ပြိုင်တဲ့အခါ
ငါ့မာနက အမြဲနိုင်ခဲ့တယ်
ဒါပေမဲ့ နိုင်လိုက်တိုင်းလည်း
ငါ့နှလုံးသားမှာ ဒဏ်ရာတွေပဲ ကျန်ခဲ့တယ်။
•ဖိုးစော
❤5
1 Aug 2026, 12:00 UTC103 views10 reactionsread 10 August 2026 Photo
လက်တွဲထားရုံနဲ့ ချစ်တာမဟုတ်ရင်
လက်လွှတ်ပေးလိုက်တာလည်း
မုန်းလို့မဟုတ်ဘူး
ဝေးဝေးမှာပဲ အမှတ်တရအဖြစ်
ကျန်ခဲ့တာက ပိုကောင်းပါတယ်။
•ဖိုးစော
❤9🥰1
1 Aug 2026, 08:13 UTC43 views3 reactionsread 10 August 2026 ဟိုးအဝေးကချစ်သူလေးသို့(သို့)ချမ်းမြေ့သူသို့
အလှမ်းဝေးသောအရပ်မှာ
မင်းလေးပျော်အောင်နေပါ
အသွားအလာအနေအထိုင်ကအစ
ကျန်းမာရေးထိဂရုစိုက်ပါ
တစ်နေ့တော့...
မင်းလေးအနားရောက်အောင်
လာခဲ့မှာမို့
စိတ်ရှည်ရှည်နဲ့စောင့်နေပေးပါ
ချစ်သူ...
ကိုယ့်အပေါ်နားလည်နိုင်လွန်းသူ
လူကြီးလေးတစ်ယောက်လို
အမြဲဆုံးမတတ်သူ
ကိုယ်ဆိုးသမျှသည်းခံပေးတတ်သူ
ကိုယ့်ဘဝတစ်ခုလုံးနဲ့ရင်း၍
ချစ်ရသူ...
ကျေးဇူးပြု၍
ကိုယ့်နားမှာအမြဲရှိနေပြီး
လက်ကျန်ဘဝခရီးကို
အတူဖြတ်သန်းခွင့်…
❤3
Showing the 12 most recent of 20 posts we hold for @freevibe9. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.