10 Aug 2026, 01:32 UTC1 viewsread 10 August 2026 Video
🍃 HAPPY BIRTHDAY 🍃
August 10
သက်တောင့်သက်သာရှိတဲ့
နံနက်ခင်းလေးတစ်ခုလို
မင်းရဲ့နေ့ရက်တွေလည်း
ရှိပါစေ… 🌿
အလုပ်တွေကြားထဲ
ကိုယ့်ကိုယ်ကိုယ် အနားပေးတတ်ပြီး
အေးအေးဆေးဆေးနဲ့
အချိန်တွေကို ဖြတ်သန်းနိုင်ပါစေ… ☁️
မင်းရဲ့အတွေးလေးတွေက
တစ်ခါတစ်လေ
လှပတဲ့ကဗျာတစ်ပုဒ်လိုပါပဲ…
ဖတ်ရတာ သိပ်ချစ်စရာကောင်းတယ်… 📖💭
နှေးနှေးလေးရှူပြီး
ကိုယ့်နှလုံးသားကို
နားထောင်ပေးပါ…
အဲဒီအသံက မင်းကို
ဘယ်တော့မှ အမှားမလမ်းညွှန်ဘူး… 🌙
#soemoe
#happybirthday
#…
Signed ˹ Aʀᴄʜɪɢᴏ Yᴜᴋɪ ˼ ✧ ˚₊⋆。°
9 Aug 2026, 17:10 UTC2 viewsread 10 August 2026 Photo
"ဆရာအောင်ချိမ့်အတွက် အမှတ်တရကဗျာ"
ခေတ်ကြီးရဲ့ ပူလောင်မှုကြားမှာ
စံပယ်ပန်းတစ်ပွင့်လို အေးမြတဲ့
မေတ္တာတွေနဲ့ လူ့လောကကို
လှပအောင် ထွန်းညှို့ပေးခဲ့သူ။
ကဗျာတွေ၊ အတွေးအခေါ်တွေနဲ့
ရင်ခုန်သံတွေကို သက်ဝင်စေပြီး
နှလုံးသားရဲ့ အလှကို
ခိုင်မာစွာ မြင်ပြသွားခဲ့သူ။
လမ်းခွဲသွားပြီဆိုပေမဲ့
ရင်ထဲမှာ ကျန်ရစ်ခဲ့တဲ့
ဆရာ့ရဲ့ ကဗျာပန်းဥယျာဉ်က
ဘယ်တော့မှ ညှိုးနွမ်းမှာ မဟုတ်ပါ။
"အလင်းရောင်တွေ ဆက်လက်ရှင်သန်နေဆဲ...
ဆရာ့ရဲ့ ခြေရာတွေ ရှိနေဆဲ...…
Signed မင်းခန့်ပိုင် 📖ကဗျာရွက်ဖတ်သူ📚
9 Aug 2026, 14:51 UTC5 views1 reactionsread 10 August 2026 Photo
မောင့်ဧဝရတ်
ဧဝရတ်ဟာ
ယောက်ျားလား မိန်းမလား
ဇဝေဇဝါ
ဧဝရတ်ဟာ
ယောက်ျားမဟုတ် မိန်းမမဟုတ်
နာမ်ရုပ်မျှသာ
သဏ္ဌာန်လုပ်ကာ အကြံထုတ်တော့
ကဗျာတစ်ပုဒ်ထွက်လာ
ဧဝရတ်ဟာ
ယောက်ျားလည်းမဟုတ်
မိန်းမလည်းမဟုတ်
ဓာတ်ကြီးလေးပါးဖွဲ့စည်းထားတဲ့
တောင်ကြီးမျှသာ...။
-မောင့်ဧဝရတ်
❤1
Signed မောင့်ဧဝရတ်
9 Aug 2026, 13:42 UTC6 views1 reactionsread 10 August 2026 “ငါ”တစ်လုံးဆောင်
ငါသည်ယောက်ျား၊မည်သူကားမျှ
မကြားသိချေ။
ငါသည်မိန်းမ၊မည်သူမျှလည်း
မသိကျွမ်းချေ။
ငါဟူသောသူ၊ကမ္ဘာဂူ၌
လူဖြစ်ရခြင်း၊ဘဝဆင်းတွင်
ငြင်းပယ်တားက၊အသက်ရုပ်လွှာ
ခွာချလျက်ပေ၊အဆွေပေါင်းတို့။
ငါရှူသောလေ၊မပေညစ်လျက်
ငါရပ်သောမြေ၊မကြေမွဘဲ
ငါစွဲသောစာ၊ငါ့ကမ္ဘာတွင်
အရာထင်မည်။
ငါတောင်းသောဆု၊မတုပလျက်
ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ
ငါတွဲသောလက်၊ခေတ်အဆက်တွင်
အသက်ဆုံးမည်။
ပေါက်ဖွားမြင်စ၊ကလေးဘဝ
ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန်
ဇိမ်ယစ်မ…
❤1
Signed A
9 Aug 2026, 13:18 UTC6 views1 reactionsread 10 August 2026 အချစ်ရေ..
စဉ်းစားကြည့်ရင်
ကိုယ်တို့ ဘဝတွေဟာ
မိုးနဲ့ မြေပါလေ...
နီးချင်လျက် ဝေးရသလို
အဆင်ပြေချင်ပါလျက်နဲ့လည်း
ပြဿနာတွေ ဖြစ်ရတယ်။
ပျော်သလားဆိုရင်
မင်းကို ချစ်နေသ၍
ကိုယ်ပျော်ပါတယ် အချစ်ရေ။
- လိပ်ပြာ
❤1
Signed 𝐋𝐚𝐭𝐞 𝐏𝐲𝐚𝐫
9 Aug 2026, 08:33 UTC6 viewsread 10 August 2026 Forwarded from @kophyathetPhoto
သမိုင်းဆိုင်ရာရုပ်ဝါဒ ဒါပေမဲ့
ကို အောင်ချိမ့် ကို ကျွန်မ မေတ္တာမမျှနိုင်ပါ တဲ့။
မေတ္တာအရေး သစ္စာအရေး နိုင်ငံအရေး မှာ
ခါးကိုမက်မတ်ထား ဘယ်အရေးကများ
ငါတို့လူငယ်တွေကို
ခေါင်းမော့စေခဲ့ သလဲ။
နမ်းခွင့်မရတဲ့ ပန်းတွေအကြောင်း
ပြည်တွင်းက သူစိမ်းတွေအကြောင်း
ကဗျာစီးဆင်းရာ သွေးကြောမျှင်တွေဟာ
အောင့်ချိမ့်ပေါက်စ တွေဖြစ်ကြောင်း
(9.8.2026)
ည 7:30 ကျ ပြန်မလာတော့မဲ့လမ်းက
ဆရာအောင့်ချိမ့် တွက်
(5)နှစ်တာ လွမ်းသီဖွဲ့ ကဗျာရွတ်ပွဲလေးသို့ …
Signed 𝐇𝐭𝐞𝐭 𝐖𝐚𝐢 𝐘𝐚𝐧
9 Aug 2026, 07:33 UTC7 views1 reactionsread 10 August 2026 Photo
ကလောင်ကိုင်တဲ့လက်နဲ့
အကို့အင်္ကျီကြယ်သီးလေးသာ
နေ့စဥ်တပ်ပေးခွင့်ရခဲ့ရင်တော့
အသက်ရှင်လျှက်နဲ့ နိဗ္ဗာန်ရောက်တာပေါ့ ။
-မောင့်ဧဝရတ်
-အမှတ်တရ ၂
❤1
Signed မောင့်ဧဝရတ်
9 Aug 2026, 06:59 UTC8 viewsread 10 August 2026 Photo
သူက
ပန်းပွင့်ကလေးကို နမ်းတယ်။
ငါ...
လူစင်စစ်က ပန်းပွင့်ဖြစ်စေသား...လို့
ကျွန်တော် ဆုတောင်းမိပါတယ်။
▪️တာရာမင်းဝေ
Signed ˹ Aʀᴄʜɪɢᴏ Yᴜᴋɪ ˼ ✧ ˚₊⋆。°
9 Aug 2026, 01:31 UTC8 viewsread 10 August 2026 Video
🍃 HAPPY BIRTHDAY 🍃
August 09
သက်တောင့်သက်သာရှိတဲ့
နံနက်ခင်းလေးတစ်ခုလို
မင်းရဲ့နေ့ရက်တွေလည်း
ရှိပါစေ… 🌿
အလုပ်တွေကြားထဲ
ကိုယ့်ကိုယ်ကိုယ် အနားပေးတတ်ပြီး
အေးအေးဆေးဆေးနဲ့
အချိန်တွေကို ဖြတ်သန်းနိုင်ပါစေ… ☁️
မင်းရဲ့အတွေးလေးတွေက
တစ်ခါတစ်လေ
လှပတဲ့ကဗျာတစ်ပုဒ်လိုပါပဲ…
ဖတ်ရတာ သိပ်ချစ်စရာကောင်းတယ်… 📖💭
နှေးနှေးလေးရှူပြီး
ကိုယ့်နှလုံးသားကို
နားထောင်ပေးပါ…
အဲဒီအသံက မင်းကို
ဘယ်တော့မှ အမှားမလမ်းညွှန်ဘူး… 🌙
#soemoe
#happybirthday
#…
Signed ˹ Aʀᴄʜɪɢᴏ Yᴜᴋɪ ˼ ✧ ˚₊⋆。°
8 Aug 2026, 15:47 UTC10 viewsread 10 August 2026 စိတ်ပျက်အောင် မလုပ်ပါနဲ့။
မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။
သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။
လက်လွှတ်ခဲ့သူတစ်ယောက်က
ဥပေက္ခာတရားအကြောင်းကို
ရှင်းပြပါလိမ့်မယ်။
-အံ့လွန်းပျို
Signed A
8 Aug 2026, 14:54 UTC15 viewsread 10 August 2026 Photo
တတ်နိုင်သမျှတော့ သတိမရအောင်
မေ့မေ့ပျောက်ပျောက် ဖြစ်အောင် နေတယ်
မတတ်နိုင်တော့တဲ့အခါတော့
မမုန်းရက် မမေ့ရက်တော့လည်း
လွမ်းလိုက်တာပါပဲ....။
▪️တက္ကသိုလ်ဘုန်းနိုင်
Signed ˹ Aʀᴄʜɪɢᴏ Yᴜᴋɪ ˼ ✧ ˚₊⋆。°
8 Aug 2026, 13:41 UTC14 views1 reactionsread 10 August 2026 အချစ်ဆိုသော
အက္ခရာ နာမ်စာလေးက
နှစ်လုံးထဲ အနပ်အဓိတ်ပါယ်က
အများကြီးရယ် အတိုးခြုံပြောရရင်
ချစ်တယ်ဆိုသော ဝေါဟာရရယ်
မုန်းတယ်ဆိုတဲ့ ဝေါဟာရရယ်ပေါ့
အချစ်က ခွန်းအားတွေရတယ်
ပြောရွှင်တက်ကြွမုတွေကိုပေးတယ်
အမုန်က ပူလောင်ရတယ်
ခံစားရတယ် သောကရောက်ရတယ်
အခြားသော အရာရာတွေလည်ရှိတယ်
ခံစာရဘူသူတိုင် သိပါတယ်
အချစ်ရဲ့ကောင်းကြိုး ဆိုးကြိုး
ဒါတ်သနတွေကို ဟုပါရဲ့လားဗျာ
စေတ{ကွမ်းခြံကုန်း}
❤1
Signed စေတ
Showing the 12 most recent of 20 posts we hold for @lwin63987. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.