11 Aug 2026, 15:48 UTC653 views6 reactionsread 13 August 2026 Photo
ကျူးလွန်တဲ့သူက
အပြစ်မရှိသလိုနေတဲ့အခါ
နစ်နာသူမှာ ပိုမွန်းကျပ်ခဲ့။
မပြတ်သားနိုင်တဲ့သူကို
အနိုင်ကျင့်ရတာပျော်တဲ့သူတွေရဲ့
လက်သုံးစကားက
"ဒီတိုင်းပြောလိုက်တာပါ" တဲ့...
ဟုတ်ပါတယ် မီးပွားလောက်စကားလေး ဆိုပေမယ့်ကောက်ရိုးလို နှလုံးသားဆို
ပြာကျသွားနိုင်တယ်။
-သက္က
❤5🔥1
10 Aug 2026, 14:15 UTC760 views4 reactionsread 13 August 2026 "ကမ္ဘာငယ်"
"ကိုယ့် ပုခုံးတစ်ခြမ်းက
ကမ္ဘာကြီးကို ထမ်းနိုင်တယ်" ပြောတော့
လူတွေက ရယ်ကြတယ် အသက်ရေ…
ဟုတ်တာပေါ့လေ…
ကိုယ့်မှာ နာမည်လေးလုံးနဲ့
ကမ္ဘာငယ်လေး ရှိတာ
သူတို့မှ မသိဘဲ။
သူတို့ သိတဲ့ ကမ္ဘာကြီးလို မဟုတ်ဘူး၊
ကိုယ့် ကမ္ဘာလေးမှာ
ဆံပင်ရှည်ရှည်လေးတွေ ရှိတယ်၊
ငြင်းဆန်လို့ မရတဲ့ မျက်ဝန်းတစ်စုံ ရှိတယ်၊
မဲ့ပြုံးပဲ ပြုံးပြုံး၊ သဲ့ပြုံးပဲ ပြုံးပြုံး…
ပြုံးလိုက်ရင် အရာရာကို နွေးထွေးသွားစေတဲ့ အပြုံးလေး ရှိတယ်။
ဟုတ်တယ်...
အဲတာ က…
❤4
7 Aug 2026, 14:32 UTC905 views8 reactionsread 13 August 2026 Photo
မင်းဆီ အရောက်လာဖို့ဆိုရင်
ဆုံခဲ့ဖူးတဲ့ လူပေါင်းများစွာကို
စွန့်ပစ်ခဲ့ရပါစေဦး၊
အဲဒီ စွန့်လွှတ်ခြင်းတွေရဲ့ အဆုံးမှာ
မင်းရဲ့ မေတ္တာတစ်စက် ရရင်ပဲ
ငါ့ ကြိုးစားခဲ့ရမှုတွေ တန်သွားခဲ့ပါပြီ။
-သက္က
❤8
5 Aug 2026, 11:53 UTC≈1,050 views10 reactionsread 13 August 2026 Photo
မင်း မရှိဘဲလည်း
ငါအသက်ဆက်ရှူလို့ရနေတာပါပဲ၊
ဒါပေမဲ့ မင်း မပါတဲ့
အသက်ရှူခြင်းတိုင်းဟာ...
ရှင်သန်တာ မဟုတ်ဘဲ
သေဆုံးဖို့ စောင့်ဆိုင်းနေရတာမျိုး။
-သက္က
❤8🥰2
2 Aug 2026, 14:10 UTC≈1,240 views9 reactionsread 13 August 2026 "၂နှစ်အလွန်"
အသက် နဲ့ အတူသွားခဲ့ဖူးတဲ့
နေရာတွေဆီပြန်ရောက်မိတော့၊
အရင်လိုပါပဲ...
အတူထိုင်နေကျဆိုင်လေးက အရင်လို၊
အတူသွားခဲ့ဖူးတဲ့လမ်းလည်း အရင်လို၊
ခံစားချက်တွေလည်း အရင်လို၊
ပြုံးရယ်မိတဲ့အထိ အရင်လိုပါပဲ...
အရင်လို မဟုတ်ခဲ့တာဆိုလို့
ငါ့ရဲ့ဘေး မင်း မပါတော့တာရယ်
မင်းရဲ့အနား ငါမဟုတ်တဲ့
သူစိမ်းတစ်ယောက်ပါနေတာရယ်။
-သက္က
❤9
30 Jul 2026, 15:20 UTC≈1,390 views9 reactionsread 13 August 2026 Photo
တနင်္လာနေ့မှာ ဘုရားသွားတာဟာ
ပုံမှန်ပါပဲ ကလေးမရယ်...။
တနင်္လာ နာမ်ထောင့်မှာ
နှင်းဆီပန်းနဲ့ ရေချမ်းကပ်တယ်၊
ပြီးတော့ ဘုရားပူဇော်တယ်...
ဤသို့ပြုရ ကုသိုလ်မှသည်
အဆုံးမှာတော့ ကလေးမနဲ့ ညားရပါလို၏ပေါ့။
-သက္က
❤9
28 Jul 2026, 13:25 UTC≈1,580 views10 reactionsread 13 August 2026 Photo
"ပြည်တွင်းစစ်"
သေနတ်သံကြားရင်
မီးအိမ်ငြှိမ်းရတဲ့ ညတွေများလာပြီ။
စိမ်းစိုခဲ့တဲ့ မြေကြီးပေါ်မှာ
ယမ်းခိုးတွေပဲ သီးပွင့်လာခဲ့တာ...
နိုင်သူမရှိသေးတဲ့ စစ်ပွဲထဲ
ရှုံးနိမ့်သွားတာကတော့...
အမေ့ရဲ့ မျက်ရည်နဲ့
ငါတို့ရဲ့ အနာဂတ်တွေ။
-သက္က
❤8😢2
24 Jul 2026, 12:44 UTC≈1,660 views6 reactionsread 13 August 2026 Photo
စွဲလမ်းမက်မောခြင်းဟာ
ဒုက္ခရဲ့အစလို့ ဘုရားရှင်က
တရားပြခဲ့ပေမဲ့၊
ငါကတော့ မင်းဆိုတဲ့
ဒုက္ခကြီးကိုပဲ မြတ်မြတ်နိုးနိုး
ဖက်တွယ်ထားချင်ခဲ့တာ...။
အင်း...ဒီဘဝတော့
ဘုရားရှင်ရဲ့ တရားနဲ့ ငါလမ်းလွဲခဲ့ပြီ။
-သက္က
❤6
21 Jul 2026, 15:43 UTC≈1,600 views9 reactionsread 13 August 2026 Photo
နိဗ္ဗာန်
ပန်းကလေးတွေကို ငေးကြည့်ရတာ
ရင်ထဲမှာ အေးချမ်းလှပြီလို့ ထင်ခဲ့ဖူးတာ၊
ဒါပေမဲ့...
မင်းရဲ့ အပြုံး၊ မင်းရဲ့ မျက်ဝန်းတွေကို
ငေးရတဲ့အခါမှအဲဒီအေးချမ်းမှုက
အနန္တအထိ ကျယ်ပြောသွားတယ်။
ပန်းတွေပေးတဲ့
စိတ်ချမ်းသာမှုထက် ပိုပြီး၊
မင်းကို ကြည့်နေရတဲ့
ဒီအခိုက်အတန့်ဟာငါ့အတွက်တော့...
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ နိဗ္ဗာန်ပါပဲ။
-သက္က
❤9
Paper Poetry pinned a file
18 Jul 2026, 07:06 UTC≈1,610 views8 reactionsread 13 August 2026 ငါက ရင်ဘတ်တစ်ခုလုံး ဖွင့်ပြခဲ့ပေမဲ့
မင်းကတော့ စည်းတစ်ခု ခြားထားတုန်းပဲ။
အကုန်သိနေလျက်နဲ့ စောင့်မျှော်ရတဲ့ ငါ့အမေးမှာ
မင်းရဲ့ အဖြေတိုတိုလေးတွေက
ငါ့နှလုံးသားကို ခါးသက်စေခဲ့တယ်။
ငါ့ရဲ့ ပွင့်လင်းမှုတွေ လမ်းပျောက်တဲ့အခါ
မင်းရဲ့ တိတ်ဆိတ်ခြင်း တံတိုင်းရှေ့မှာ
ငါပဲ တိတ်တဆိတ် ရင်နာရုံပေါ့...။
-ရီယာညို
❤8
16 Jul 2026, 14:03 UTC≈1,160 views5 reactionsread 13 August 2026 Video
ရှင်ကွဲပဲ ဖြစ်ဖြစ်၊ သေကွဲပဲ ဖြစ်ဖြစ်
မင်း ထွက်ခွာသွားခြင်းနဲ့အတူ...
ငါတို့ရဲ့ "တချိန်ကျရင်" ဆိုတာကြီးလည်း ထာ၀ရ ဆုံးရှုံးသွားခဲ့ပြီ။
-သက္က
ခွဲခွါခြင်းများ - စိုးလွင်လွင်
❤5
Showing the 12 most recent of 20 posts we hold for @paper_poetry. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.