9 Aug 2026, 09:24 UTC144 views3 reactionsread 17 August 2026 ""ဆယ့်ကိုးနှစ်လက်မှတ်""
ဘဝကကြီးကြီးမားမား မဖြစ်လာသေးတဲ့အခါအားလျော့နေတဲ့
ဆယ့်ကိုးနှစ်လက်မှတ်ကိုငါ ထုတ်ထုတ်ပြတတ်တယ်။
တစ်ခါကပေါက်တူးလေးက
ငါ့ကို လှောင်လို့အမိန့်ရ
အပေါင်ဆိုင်ထဲအမေသင်ပေးခဲ့သလိုငါ့ကိုယ်ငါသွားရောင်းခဲ့ဖူးတယ်။
ငါ လွန်ဆန်လို့မရတဲ့ ဒိန်ခဲတွေကြားမှာဒိုင်ပင်ထိုးဆင်းပြီးဝက်ပေါင်ခြောက်အမှီးတွေနဲ့အများသူငါရဲ့ အမြင်တွေကို
လက်ခုပ်တီးပေးခဲ့တယ်။
ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ
လျှိုထားခဲ့တော့ပုန်ကန်သူ
တစ်ယောက်ရဲ့ နာ…
❤🔥2❤1
Signed Isass Brunette
6 Aug 2026, 11:14 UTC164 viewsread 17 August 2026 စာတိုငဖြူရဲ့ "မောင့်ရေခဲကြောင့် ပူပူနွေးနွေးကွဲတဲ့ကျွန်မအသည်း" ကို ကျွန်တော် laboratory ဆန်ဆန် ခွဲစိတ်စမ်းသပ်ထားပါတယ်။ Logic တစ်ခုတည်းနဲ့ မဟုတ်ဘဲ reader-response criticism (စာဖတ်သူအပေါ်သက်ရောက်မှု့)၊နဲ့ postmodern reading တွေကိုပါ ထည့်သွင်းပီး ပြောသွားမှာပါ။
ကဲ let' start guys
ပထမဆုံးပြောရရင် ဒီ E-book က ကျစိမ့်တစ်ခွက်လို မျှတတဲ့အရသာရှိတယ်။ Minimalism၊ lyricism၊ fragmentation(ချိုးဖျက်ရေးနည်း) နဲ့ narrative poetry က…
Signed Isass Brunette
1 Aug 2026, 13:01 UTC213 views3 reactionsread 17 August 2026 ပန်းတစ်ပွင့်ဟာ
တခြားပန်းတစ်ပွင့်ကို ညှိုးစေမှ
ကိုယ့်ရနံ့မွှေးလာတာ မဟုတ်ဘူး။
နေရောင်ကလည်း
လတစ်စင်းကို မှိန်စေမှ
တောက်ပလာတာ မဟုတ်ဘူး။
တချို့လူတွေကတော့
သူများရဲ့ အလင်းကို ငြိမ်းသွားစေချင်မှ
ကိုယ့်အလင်း ရှိတယ်လို့ ထင်နေကြတယ်။
-နှင်းရိပ်မြုံ
(ကျောင်းတွင်းအဖြစ်အပျက်များ)
❤3
1 Aug 2026, 10:03 UTC206 viewsread 17 August 2026 သူငယ်ချင်းတစ်ယောက်အတွက်
မှတ်ချက်ပေးခြင်း ။
အသည်း အဆီဖုံးမှာပေါ့
ချစ်တမ်း မုန်းတမ်း ကစား
အထက်တန်းစား
ရေပေါ်ဆီကိုမှ သွားချစ်တာကိုး ။
-ဝင်းမြင့်
Signed Shan Shan
31 Jul 2026, 11:37 UTC215 viewsread 17 August 2026 Graဟမ်ဘဲ Chapter 1
(အနော်ရထာသေးပေါက်တဲ့နားထိရောက်အောင်မောင်း)
နေရောင်ဖွဲဖွဲ၊ နှင်းတွေ သန္ဓေပြောင်းနေတဲ့ မနက်ခင်းတစ်ခုမှာ ငါ ဆိုက်ကားတစ်စီး ငှားစီးလိုက်တယ်။
ငါးဘီးတပ်၊ ခြေထောက်လေးချောင်း၊ မြင်းကောင်ရေ ၇၂၀ ရှိတဲ့ ဂရေဟမ်ဘဲမောင်းတဲ့ ဆိုက်ကား။
စောက်ကြီးစောက်ကျယ်တွေကို အထုတ်နဲ့အပိုးနဲ့ သယ်ပြီးအနောက်ခန်းထဲ ပစ်ထည့်လိုက်တယ် ငါကတော့ ရှေ့ခန်းမှာ ကျကျနန ဝင်ထိုင်လိုက်တယ်။
"ဘယ်သွားမှာလဲ"
ဘယ်လည်းမဟုတ်၊ ညာလည်းမဟုတ်။
"ရီနေဆန…
Signed Isass Brunette
30 Jul 2026, 13:33 UTC152 views1 reactionsread 17 August 2026 "2လေး7"
ဒါဟာ အကောင်းဆုံး တေးသွားတစ်ပုဒ် မဟုတ်ပါဘူး။
ဒါဟာ ဝါဒဆန့်ကျင်ရေးတွေ
ထိုးသိပ်ထားတဲ့ အိတ်တစ်အိတ်လည်း မဟုတ်ဘူး။
ဒါဟာရေစီးကြောင်းထဲက လတ်လတ်ဆတ်ဆတ် ခုန်ထွက်လာတဲ့သွေးသံရဲရဲ မနက်ခင်းတစ်ခုပဲ။
2023 ရဲ့ 8 လပိုင်း၊
အမည်နဲ့ နေရာတစ်ခုမှာ ကိုယ်တို့ မျက်လုံးချင်း ဆုံခဲ့ကြတယ်။
လွဲပစ်ခဲ့တဲ့ မျဉ်းဖြောင့်တွေဟာ အဲ့တုန်းကတော့ ရေစက်ကိုကျေးဇူးတင်ခဲ့ရတယ်။ဆယ်ကျော်သက် ရင်ဖုံးလေးဟာ
စေတန် ကောင်းချီးပေးခဲ့တဲ့
အညင်သာဆုံး မီးတောက်ကလေးပဲ။ကိ…
❤1
Signed Isass Brunette
30 Jul 2026, 13:17 UTC122 viewsread 17 August 2026 ဘုရားတရား မသိတဲ့ လူဆီမှာလည်း
ဘုရားတမိတဲ့ အချိန်တွေ၊
တရားရမိတဲ့ အချိန်တွေ
သေချာပေါက် ရှိတယ် အချစ်ရဲ့ ။
-နော်ယာ
Signed Shan Shan
28 Jul 2026, 06:44 UTC319 views5 reactionsread 17 August 2026 Photo
အချစ်ဆိုတာ
ဘာလဲငါမသိခင်
အိပ်ယာပါ်ရောက်နေခဲ့။
ဖေဖေလို့ခေါ်သံဟာ
ငါ့နားကိုခါးစေတယ်။
ငါသာယာဖို့အတွက်
စတေးလိုက်ရတဲ့
အခြားသော သားလာင်းများ
အို...အသင်လောက
ရက်စက်ပေစွ။ ။
ကြယ်ကြွေဆောင်း
Crd drawing
❤5
Signed Shan Shan
26 Jul 2026, 14:53 UTC208 views2 reactionsread 17 August 2026 လမ်းခွဲ
နှစ်ယောက်ကြား
တစ်ယောက်ဝင်ခြားသွားတဲ့စည်းကို
ကိုယ်တစ်သက်လုံး
စောင့်ထိန်းသွားမှာပါကွယ်...။
-စာတိုငဖြူ
🍓2
Signed Shan Shan
23 Jul 2026, 04:33 UTC278 views2 reactionsread 17 August 2026 "သူမ"
ပုခက်ကိုလွှဲ
ချစ်လက်ဆွဲ
ကိုယ်မွဲနေလည်း ဂရုမမြဲ
အမုန်းမတွယ်
အချစ်တွယ်
မှောင်ကွယ် ဆိုးဖယ်သူမကွယ်။
တေးသီချင်းသီဆို
ချစ်အတွက်ဆို
ကမ္ဘာကိုတောင် ကိုင်လှုပ်မလို
နို့ချိုတိုက်ကျွေး
မျက်နှာငေး
နွေးထွေးမှုလည်းသူမ ပေး။
မျက်ရည်မလို
အပြုံးလို
ချွေးစိုနေတောင် မအားပို
အနမ်းတစ်ပွင့်ဝယ် အလွမ်းသဖွယ်
စွဲမက်နေလို့ သူမလွယ်
မေတ္တာလိုတဲ ခိုလှုံချွဲ
သူမဆိုတာ အမေပဲ။
ကဗျာရေးသူ= …
❤2
Signed Shan Shan
18 Jul 2026, 16:39 UTC312 views3 reactionsread 17 August 2026 အာဇာနည်မြတ်မမေ့အပ်
အာဇနိယ အာဇာနည်တွေ
တိုင်းပြည်အကျိုးထမ်းရွက်နေ
လွတ်လပ်ရေးပန်း ဆွတ်ခူးရေး
အစဥ်အမြဲ သူတို့တွေး။
အတွင်းဝန်ရုံး အစည်းဝေးတွင်
ဆွေးနွေးကြလို့ တိုင်ပင်စဥ်
ထိုစဥ်မှာပင် ကြမ္မာဆိုး
စီစဥ်ကာလေ သူတို့အငြိုး။
ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်ကို
မနာလိုလို့ ရန်တွေလို
မသမာသူ လူတစ်စု
ကြံရွယ်ကာလေ အန္တရာယ်ပြု။
ဗိုလ်အောင်ဆန်း နဲ့ ဦးအုန်းမောင်
စဝ်စံထွန်းကြီး မမေ့ပေါင်
ဦးဘဝင်း နဲ့ ဦးရာဇာတ်
သခင်မြလည်း မမေ့အပ်
မန်းဘခိ…
❤3
17 Jul 2026, 10:57 UTC296 views2 reactionsread 17 August 2026 Photo
အညစ်အညမ်းသတင်းစာ (၁)
ဂျင်ဒီ
မင်းက အတောင်မပါဖူး။
မင်းက ဓာတ်ခွဲခန်းမပါဖူး။
ကမ္ဘာကြီးက သေမင်းကို
အိမ်ပေါ်တင်ပြီး၊ ရှင်ခြင်းကို သော့ခတ်ထားတာ။
ယုတ်ပျက်စင်းပျက် being တွေဟာ ငါတို့အိပ်မောကျခြင်းနဲ့ စတင်နေတယ်။
အညစ်အညမ်းသတင်းစာ (၂)
ဂျင်ဒီ
လူကလေး တံခါးသွားခေါက်တဲ့အခါ၊ကြွက်ဖြူလေးကို
အရင်သတ်ရတယ်။လက်ကောက်ဝတ်တွေကို လွတ်မြောက်ခွင့်ပေးခြင်းဟာအက်တမ်လေးတွေရဲ့ မော်လီကျုးပဲ။
အညစ်အညမ်းသတင်းစာ (၃)
ဂျင်ဒီ
ထွက်ခွာလို့မရတဲ့ ထွက်ခွာခြ…
❤2
Signed Tallkkk
Showing the 12 most recent of 20 posts we hold for @poem2112. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.