2 Feb 2025, 05:01 UTC≈1,010 views9 reactionsread 28 September 2026 ချစ်ရတဲ့ ကဗျာဖတ်သူများခင်ဗျာ့🤍
ယခု "ကဗျာရှင်သန်ရာ" channal ဟာဆိုရင်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်runဖို့ အဆင်မပြေနိုင်တော့ပါဘူး။😞
ထိုအတွက် ကဗျာchannalအသစ်တစ်ခုကို ကျွန်တော်တို့ထပ်မံဖွင့်လှစ်လိုက်ရပါတယ်။
ကဗျာနှစ်သက်သူဖြစ်စေ၊ သီချင်းနားထောင်နှစ်သက်သူဖြစ်စေ၊ စာတိုနှစ်သက်သူဖြစ်စေ၊ ယခုအောက်တွေဖော်ပြထားသော link ကတစ်ဆင့် ဝင်ခဲ့ကြဖို့တောင်းဆိုပါတယ်။🫶✨
https://t.me/kybarnaethachinchitthumyar
https://t.me/kybarna…
❤6👍2🔥1
Signed Loon
1 Feb 2025, 06:28 UTC880 views6 reactionsread 28 September 2026 Photo
နာကျင်မှုတွေပေးတဲ့လူကို
သူ့ဘာသာကြင်နာနေတဲ့ဥစ္စာ
ဘာမှလဲမဆိုင်ပါပဲ
ငါ့နှလုံးသားက ဒဏ်ရာရနေတယ်
အို...ငါ့ဒုက္ခ၊ ကြီးစွ။
- လွန်းဝေ
❤6
Signed Loon
31 Jan 2025, 10:10 UTC767 views4 reactionsread 28 September 2026 Photo
အမှန်တကယ်သာ ဒီကမ္ဘာဟာ
လည်နေပါတယ်ဆိုလျှင်...
Julyလရဲ့ မိုးရေစက်တွေအောက်မှာ
အမနဲ့ နောက်ထပ်တစ်ကြိမ်
ထပ်မံဆုံတွေ့ချင်မိပါသေး၏။
- နှောင်စိုင်း
❤🔥4
Signed Loon
26 Jan 2025, 04:21 UTC693 views7 reactionsread 28 September 2026 Photo
" မိန်းမသားပေမို့လား "
တွေ့ရနိုးနိုး ကြံပါရိုးလည်း
ကျွန်မမှာ မိန်းမသားပေမို့လား။
ပုန်းသလိုမျိုး ရှောင်ပါရိုးလည်း
ရှင်ကြီးမျက်လျှင် သောင်ပြင်ထင်၍
ပြေးမရဆုံး မုန်းသည်ဟုပင်
ပြောမိသည်က ရှိလေပြီ
ကျွန်မမှာ မိန်းမသားပေမို့လား။
ချစ်မြတ်စနိုး တင်ပါရိုးလည်း
သွယ်ကာတစ်မျိုး တွေ့မည်စိုး၍
ခေါင်းကိုငုံ့ကာ ရှက်စိတ်ပါလျက်
လုပ်မိဆွဲရာ ပြုမိဖန်တာ
ကြိမ်ပေါင်းစုက မနည်းရှိပြီ
ကျွန်မမှာ မိန်းမသားပေမို့လား။
-လွန်းဝေ
❤6👍1
Signed Loon
22 Jan 2025, 14:28 UTC525 views7 reactionsread 28 September 2026 Photo
“နွေဦး”
နွေဦးမှာလေရူးတိုက်တိုင်း
ကြွေသွားတဲ့သစ်ရွက်လေးတွေကိုချစ်တဲ့
အမျိုးသမီးတစ်ယောက်ပေါ့
ကံ့ကော်မှပန်ချင်ရှာသူက
နှင်းဆီလည်းလက်ခံခဲ့တော့
လက်ပံ့ကြွေသလိုနှလုံးသားလည်းပြန်မရခဲ့ပါဘူး။
-ကဏ္ဍ
❤5❤🔥2
Signed Min Sitt (ကဏ္ဍ) 🍂
19 Jan 2025, 15:42 UTC478 views6 reactionsread 28 September 2026 File
song-လှည့်ကြည့်ပါဦးလား(cover)
Good night ပါ ချစ်သောလေးတို့
❤6
Signed Lluvia🍁 ִ ۫ 🎧˚. Lulu ...
19 Jan 2025, 14:34 UTC468 views7 reactionsread 28 September 2026 Photo
ကမ္ဘာရာချီ တိုက်လွင့်လာတဲ့
လေဟုန်းဟုန်း ဖြူးငယ်ရယ်
မွဲထုံထုံ စီးကရက်ငွေ့က
ပနံသင့်လှစွာ
သူ မရှိရာအရပ်ကို မျောလွင့်လျက်
ကိုယ်ေမ့မရတဲ့ သူ့ဆီမှာလဲ
သူေမ့မရတဲ့ လူတစ်ယောက်ဟာ
ရှိနေခဲ့တယ်
_ကလောင်မဲ့(စီးကရက် ဒိုင်ယာ)
😢6❤1
Signed Lluvia🍁 ִ ۫ 🎧˚. Lulu ...
19 Jan 2025, 14:31 UTC401 views5 reactionsread 28 September 2026 Photo
ကမ္ဘာပေါ်မှာ
ယစ်မူးလို့ အကောင်းဆုံး
အီတာလျံဝိုင်အရက်ချို
ခွက်ခုပ်ထဲမှာ
နှင်းဆီဖူးရောင် နှုတ်ခမ်းသားကို
မှောက်ယှပ်ထိုးရှာနေမိတာလဲ
နေ့တဓူဝပါပဲ
-ကလောင်မဲ့
😢3❤2
Signed Lluvia🍁 ִ ۫ 🎧˚. Lulu ...
18 Jan 2025, 07:29 UTC397 views7 reactionsread 28 September 2026 Photo
"မြင်ရနိုးနိုး ရှာလေရိုး"
လေပြည်ကအေး မေတ္တာထွေးလို့
ရောယှက်လာတိုက် ဆောင်ယူခိုက်မှာ
ဝတ်မှုန်ထုံသင်း ရနံ့ရှင်းက
ဖြူပင်သန့်စင် မွှေးသူကြင်အံ့။
အတတ်ပြောခက် ဘယ်ပန်းမြတ်ဟု
မြင်ရနိုးနိုး ရှာပါရိုးလည်း
တွေ့ရိုးမရှိ မျိုးမသိမို့
ပျိုးရန်ဝေးစွ မြင်ခက်လှပေ။
ငယ်ကကျွမ်းဖူး အချစ်ဦးလို့
ခမည်းတပ်ပေး ထိုပန်းမေးတော့
လိပ်ပြာမဝဲ ပျားမစွဲပါ့
လှဂုဏ်သတင်း ဆောင်ယူလျှင်းက
မွှေးပျံ့သည်ဟု ပမာပြု၏။
ကျွန်ုပ်မြတ်နိုး ပန်းမြတ်မျိုးဟု
ပမာပုံခို…
❤5👍1🔥1
Signed Loon
16 Jan 2025, 13:55 UTC376 views11 reactionsread 28 September 2026 Photo
တဖက်ကချစ်ရင်
တဖက်ကိုငဲ့ပါ
သူ့ကိုမင်းချစ်သလို
သူ့လည်းမင်းလိုဖြစ်နေရင်
ဒီသံသရာမှာ
ငါတို့လမ်းလွဲခဲ့ကြပြီပဲ။
-ကဏ္ဍ
❤9👍1😢1
Signed Min Sitt 🍂
16 Jan 2025, 13:28 UTC421 views11 reactionsread 28 September 2026 Photo
“မှတ်ညဏ်ဟောင်းကို တစ်ခါပြန်လည်တိုင်း
ပန်းတစ်ပွင့် ပွင့်စေတယ်
ဒီလိုနဲ့ပဲ ငါတို့ရင်မှာ
ဆူးပန်းတွေပွင့်လန်းစေခဲ့တယ်” ။
•နှောင်ဆက်သွင်
😢6💔5
Signed Lluvia🍁 ִ ۫ 🎧˚. Lulu ...
14 Jan 2025, 13:19 UTC454 views13 reactionsread 28 September 2026 Photo
ဖိနပ်ပြတ်တာလည်းဖြစ်နိုင်သလို
လမ်းပျောက်တာလည်း ဖြစ်နိုင်ပါတယ်
သေချာတာက ဒီနေရာမှာလူတစ်ယောက်
အချိန်ကြာမြင့်စွာရပ်စောင့်နေခဲ့ပါတယ်။
•နှောင်ဆက်သွင်
💔10😢3
Signed Lluvia🍁 ִ ۫ 🎧˚. Lulu ...
Showing the 12 most recent of 20 posts we hold for @tatthitsakabyarsayarmyar. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.