4 Aug 2026, 16:17 UTC673 views2 reactionsread 9 August 2026 Photo
ညတစ်လွှာရဲ့ မြစ်မာယာ
တောင်ပြာကြားက စီးခဲ့တယ်၊
တိမ်တွေအောက်မှာ လမ်းလျှောက်တော့
ချစ်သူအိမ်နောက် ရောက်ခဲ့တယ်၊
ငွေရည်စိမ်တဲ့ ပြတိုက်တံခါး
အချစ်များနဲ့ ကိုယ်ဖွင့်ခဲ့တယ်၊
မင်းရယ်ကိုယ်ရယ် ပန်းတွေရယ်
စမ်းချောင်းထက်ဝယ် မျောခဲ့တယ်။
-သက်နွယ် (၄၊၈၊၂၆)
❤🔥2
Signed Akino Moto
8 Jul 2026, 18:44 UTC≈1,510 views3 reactionsread 9 August 2026 Photo
နွေပိတောက်ချို ကိုယ်သာပျိုးခဲ့
လက်ဖမိုးလေး မြတ်နိုးဖွယ်၊
ကိုယ့်ဖမိုးပေါ် မြမော်ရင်ထိုး
ဘယ်မရိုးအောင် စိုးခဲ့တယ်၊
မိဿမိုးကြို ခါတန်မလင့်
ပန်းများဝင့်ထယ် နိုးခဲ့တယ်၊
ပျိုနွယ်မျက်လွှာ လသော်တာလား
ရင်မှာကြည်နူး ဖူးခဲ့တယ်။
-သက်နွယ် (၉၊၇၊၂၆)
❤🔥3
Signed Akino Moto
7 Jun 2026, 12:13 UTC≈1,450 views4 reactionsread 9 August 2026 Photo
တခါတလေ ဘာမှမသိတော့တာ
တခါတလေ ဘာမှမသိချင်တော့တာ
သိချင်မိတာတခုက ဘာမှမသိတော့တာပဲ။
-သက်နွယ်
(ကာလပေါ်စိတ်ရောဂါ)
(၇.၆.၂၅)
😭4
Signed Akino Moto
26 May 2026, 17:06 UTC325 views5 reactionsread 9 August 2026 ပြည်သူရေးတဲ့ နိုင်ငံတော်တေး
သွေးနဲ့ရေးတဲ့ သွေးသစ္စာ၊
ရဲရင့်ခြင်းရဲ့ အကျဉ်းထောင်မှာ
သောင်ရင်းနံဘေးက မြသွေးနှင်းဆီများ၊
ကြောက်သလားဟေ့ ပြည်သူ့ကျိန်စာ
မင်းတို့ ခံယူရမယ့်ပွဲ၊
အရှေ့နေဝန်းထွက်သည့်အခါ
ကျောင်းသားအလံဟာ တလူလူလွင့်ဆဲ၊
သိက္ခာရှိစွာ ရှေ့ဆက်မယ့်
ခွပ်ဒေါင်းတို့ရဲ့ အဆုံးသတ်တိုက်ပွဲ။
-သက်နွယ်
🔥4❤1
Signed Akino Moto
21 May 2026, 09:16 UTC≈1,810 views4 reactionsread 9 August 2026 Photo
သိပ်လှတဲ့မျက်ဝန်းလေးအောက် မျက်ရည်ခံမှဲ့လေးဖြစ်ရလို၊
ဆုတောင်းမိတယ် ကိုယ်ပြောပြရင်
ဥပေက္ခာမိုးတွေငြိုးမှာစိုး။
-သက်နွယ်
💘4
Signed Akino Moto
21 May 2026, 03:35 UTC≈1,740 views4 reactionsread 9 August 2026 Photo
တစ်ချို့လူတွေရှိတယ်။
သူတို့ရယ်လိုက်ရုံနဲ့ ကိုယ့်နေ့တစ်နေ့လုံး
ပိုလှသွားတတ်တဲ့ လူတွေ။
- သက်နွယ်
💘4
Signed Akino Moto
သက်ဝေ - Thet Wai pinned a photo
12 Feb 2026, 14:39 UTC668 views5 reactionsread 9 August 2026 File
"ပြည်ထောင်စုနေ့တို့မမေ့"တဲ့
ကိုယ့်ရင်ထဲက
သိပ်ချစ်စရာကောင်းလှတဲ့
ဆောင်ပုဒ်လေးတစ်ခုပေါ့၊
ဒီနေ့ဟာ ...
ပန်းကလေးပွင့်တဲ့နေ့လေ။
-သက်ဝေ (၁၂.၂.၂၆)
💘4🍓1
Signed Akino Moto
8 Feb 2026, 14:58 UTC669 views8 reactionsread 9 August 2026 Photo
ချစ်ရသူ အိပ်မက်ကလေးရေ
အမေပေးအပ်ခဲ့တဲ့ ဆင်စွယ်ပုလဲကုံးလေး တစ်လုံးမှ မလျော့ပါစေနဲ့နော်။
'ပုလဲ'လေးတွေ ပြိုရတဲ့အခါ
မိုးစက်ကလေးတွေ ငိုကြမယ်လို့
မှတ်သားထားပေါ့ 'ကလေးငယ်'။
ဒီတော့ 'နင်မငိုနဲ့ကွယ်'....။
-သက်ဝေ(၈.၂.၂၀၂၆)
❤🔥7🍓1
Signed Akino Moto
8 Feb 2026, 13:36 UTC555 views6 reactionsread 9 August 2026 Photo
တရားခွင်အိပ်မက်(၁)
...
'ကိုယ်'ပိုင်ဆိုင်ခွင့်မရခဲ့တဲ့
မင်းရဲ့ မေတ္တာနွယ်ပန်းကလေး...
တစ်ပါးသူထံ ရောက်ရှိခိုက်
အစဉ်သာ လုံခြုံပါစေကွယ်။
-သက်ဝေ(၈.၂.၂၀၂၆)
🍓4❤🔥2
Signed Akino Moto
6 Jan 2026, 16:53 UTC≈1,710 views8 reactionsread 9 August 2026 Photo
တံခါးအိုကြီးလည်း ဆွေးဆွေးမြေ့
ရေပွက်ငယ်တို့ ဖြည်းဖြည်းရွေ့ပြီ၊
ခြေရာကျန်တဲ့ လမ်းတွေရှိရင်
နွေကန္တာရဲ့ပန်းတွေမပွင့်ပြီလေ။
-သက်ဝေ
•ရွက်ရွှေဝါ
❤🔥5❤2🍓1
Signed Akino Moto
5 Jan 2026, 14:13 UTC548 views6 reactionsread 9 August 2026 Photo
နှုတ်မဆက်လိုက်နဲ့ ရွက်ဝါရွှေ
မင်းပြန်မလာရင် ငါရှိမယ်၊
ဥဩလေးတို့ အသိုက်မြုံမို့
စိမ်းမြမြမင်းအရိပ်တို့ မမေ့ဘူးယုံပါကွာ။
-သက်ဝေ
•ရွက်ဝါရွှေ
❤5🍓1
Signed Akino Moto
Showing the 12 most recent of 20 posts we hold for @thetwaiburma. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.