3 May 2025, 12:28 UTC≈79,800 views738 reactionsread 25 September 2026 မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ
~~~
◼️ တရုတ် ကြားဝင်စေ့စပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုမရခဲ့တဲ့နောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသတွေ ဆက်တိုက် ဗုံးကြဲခံရတယ်လို့ TNLA က မေလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်က စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) တို့တွေ့ဆုံခဲ့ပြီး နောင…
👍400❤128😢118👎36👏23💔17👌8🕊8
30 Apr 2025, 11:24 UTC≈64,300 views151 reactionsread 25 September 2026 ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည်
~~~
နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံး၊ ဌာနအဆောက်အဦတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးသွားမယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။
အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စစ်ကော…
👍84👎35❤20👏5👌4🤔3
30 Apr 2025, 11:23 UTC≈34,500 views100 reactionsread 25 September 2026 မူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး
~~~
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားလေးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုး သားအစည်း အရုံး (KNU) က ဧပြီလ ၃၀ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကညင်တိုင်းကျေးရွာ လေကြောင်းကနေ တိုက်ခိုက် ခံရပြီး အသက်…
👎38👍29❤21💔11👏1
30 Apr 2025, 11:21 UTC≈26,500 views95 reactionsread 25 September 2026 ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည်
~~~
◼️ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) လက်အောက်ခံ ရှမ်းပြည်တပ်မတော်(SSA) နဲ့ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အကြား စစ်ရေးတင်းမာမှုတွေကို ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ SSPP က ဧပြီလ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်း…
👍79❤10👎3🕊3
29 Apr 2025, 09:30 UTC≈21,300 views127 reactionsread 25 September 2026 ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်
~~~
◼️ ငလျင်ဘေးကြုံနေရတဲ့ကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၂ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအပြင် ကလေ…
😢85👍30❤9👎3
29 Apr 2025, 08:21 UTC≈18,700 views94 reactionsread 25 September 2026 ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် လူ ၄၀၀၀ ကျော် ထွက်ပြေးနေရ
~~~
◼️ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သား လေးထောင် ကျော်ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဧပြီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
လိပ်ကုလား ၊ စံဒွန်းကုန်း၊ ကွမ်းဆိပ်၊ ကျုံချောင် ၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစု စတဲ့ ကျေးရွာ ခုနစ်…
👍58😢27❤6👎3
24 Apr 2025, 15:28 UTC≈23,100 views173 reactionsread 25 September 2026 ရေစကြိုမြို့နယ် ဗလဘရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ
~~~
မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘရွာဟာ ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်ခံရပြီးနောက် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၅၆၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတွေအပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ …
😢122👍36❤5👎5💔3🕊2
23 Apr 2025, 11:12 UTC≈23,200 views209 reactionsread 25 September 2026 မြန်မာမှာ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း
~~~
◼️ မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ နဲ့ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန်အကြီးတန်းအရာရှိ Sean O’Neill က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ Si…
👍166❤33👎4👌3🤔3
21 Apr 2025, 09:13 UTC≈18,800 views129 reactionsread 25 September 2026 မြင်းမူမြို့နယ် ကန်တော်ရွာ စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရ
~~~
◼️စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဧပြီလ ၁၉ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သားတ…
😢55👎38👍23💔8👏4❤1
21 Apr 2025, 08:16 UTC≈15,000 views105 reactionsread 25 September 2026 ကန့်ဘလူမြို့နယ် သင်တောရွာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံး
~~~
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောရွာဟာ ဧပြီလ ၂၀ရက် ညနေ ၆နာရီဝန်းကျင်မှာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဟာ ကုန်စုံဆိုင်ပေါ်နဲ့ အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ
😢76👍15👎8❤3👏3
21 Apr 2025, 05:40 UTC≈16,300 views122 reactionsread 25 September 2026 ဆွမ်းကပ်နေချိန် ဗုံးကြဲခံရလို့ သုံးဦးသေ၊ ကိုးဦးဒဏ်ရာရ
~~~
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောရွာ ဘုန်းကြီးကျောင်းမှာ ဧပြီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က သံဃာတွေကို ဆွမ်းကပ်လှူဒါန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၀ နှစ်အရွယ် အရှင်ကေလာသ၊ အသက် ၆၀ အရွယ် နော်မဝဲနဲ့ အသက် ၆၅ နှစ်အရွယ် နော်လှမြင့်တို့ဖြစ်ပါတယ်။
…
😢58💔28👍21👎12👏3
20 Apr 2025, 06:31 UTC≈14,700 views121 reactionsread 25 September 2026 စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ
~~~
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဧပြီလ ၁၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲခံရပြီး အရပ်သားခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါင် ၅၀၀ ဗုံးကြဲတာဗျ။ ယောက်ျားလေး လေးဦး၊ မိန်းကလေး နှစ်ဦး ဒဏ်ရာရသွားတာပါ။ သက်လတ်ပိုင်းတွေချည်းပဲဗျ”
သတင်းအ…
👍52😢40👎19❤7👏3
Showing the 12 most recent of 20 posts we hold for @rfaburmeseofficial. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.